
“ပဝါခြုံလုံပါပေ့၊ ဆံမြိတ်ချလှပါပေ့၊ ကျောက်တန်းစီညီပါပေ့” ဟု အမည်ရသော ပြောင်းဖူးကို ဖူးစားပြောင်း (သို့) သကြားပြောင်း၊ ထောပတ်ပြောင်းဟူ၍ တွေ့မြင်ကြရပြီး ယေဘုယျအားဖြင့် အဝါမျိုး သည် အချိုဓာတ်ကဲကာ ပြောင်းဖူးကို အပြုတ်၊ အသုပ်၊ အကင်၊ အကြော် စသည်ဖြင့် သရေစာ စားကြ သလို ဟော့ပေါ့အပါအဝင် အချို့ဟင်းလျာများ တွင် လည်း ထည့်သုံးလေ့ရှိကြသည်။ မြန်မာနိုင်ငံ၌ ပြောင်းသီးနှံကို ရာသီမရွေးသီးထပ်အဖြစ် စိုက်ပျိုး နိုင်ပြီး လက်ရှိအချိန်တွင် ရေသွင်းစနစ်ဖြင့် သကြား ပြောင်းဖူးများကို ယခင်က တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိရာမှ ယခုအအချိန်တွင် ပြည်တွင်းစားသုံးမှု များပြားလာပြီး ပြောင်းဖူး ဈေးကောင်းရရှိလာသဖြင့် သကြားပြောင်းကို နွေ၊ မိုး၊ ဆောင်း သုံးရာသီ တစ်နှစ်ပတ်လုံး စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြသည်။ ပြောင်းသီးနှံအား မေလတွင် စတင်စိုက်ပျိုး၍ ဇူလိုင်လတွင် ထွက်ပေါ်လျက်ရှိပြီး မျိုးအနေဖြင့် သကြားပြောင်းနှင့် စပ်ကြားပြောင်းမျိုးများကို စိုက်ပျိုး ကြကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် (၁၀)သိန်းခန့် ကုန်ကျကြောင်း၊ လက်ရှိအချိန်တွင် သကြားပြောင်းများ လှိုင်လှိုင် ထွက်ပေါ်လျက်ရှိပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် သကြားပြောင်းဖူး အရေအတွက် အဖူး (၉၀၀၀) ကျော် ထွက်ရှိကြောင်း၊ ဖူးစားပြောင်း (ခေါ်) သကြားပြောင်းသည် ရေလုံလောက်စွာ ရရှိ ပါက (နွေ၊မိုး၊ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပြီး ကုန်ကျစရိတ်များအနေဖြင့် မျိုးသွင်းအားစု၊ ပိုးသတ်ဆေး၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း (၁၀) သိန်းကျပ်ခန့်ကုန်ကျကြောင်း၊ သကြားပြောင်းစိုက်ပျိုးပြီး ရက် ပေါင်း (၈၀) မှ (၉၀) ရက်အတွင်း အသီးများကို စတင်ခူးဆွတ်နိုင်ပြီး သကြားပြောင်း တစ်ဧက လျှင် မြေအမျိုးအစားအပေါ်လိုက်၍ အဖူးပေါင်း (၁၄၀၀၀) ခန့်ထွက်ရှိကြောင်း သိရှိရပါ သည်။ လက်ရှိ အချိန်ဇွန်လတွင် ဖူးစားပြောင်း (ခေါ်) သကြားပြောင်း ရောင်းချရသည့်ဈေးနှုန်းမှာ အကြီးအသေး ပေါ်မူတည်၍ ပြောင်းဖူးအကြီးတစ်ဖူးလျှင် လက်ကားဈေးနှုန်း (၅၀၀) ကျပ်ဖြင့် လည်းကောင်း၊ အသေးတစ်ဖူး လျှင်ကျပ်(၄၀၀)၊လက်လီဈေးနှုန်းအနေဖြင့် ပြောင်းဖူးအကြီးတစ်ဖူး လျှင်(၇၀၀)ကျပ် ဖြင့်လည်းကောင်း၊ အသေးတစ်ဖူးလျှင် ကျပ်(၅၀၀)ဖြင့်လည်းကောင်း အရောင်းအဝယ် ရှိပြီး အကျိုးအမြတ်အနေဖြင့်တစ်ဧကလျှင် (၄) သိန်းကျပ်ခန့်ရရှိကာဖူးစားပြောင်း (ခေါ်) သကြားပြောင်း စိုက်တောင်သူများအနေဖြင့် ဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။ ဈေးကွက် အနေဖြင့် ပြည်ဒေသထွက် ပြောင်းဖူးများကို မြို့ပေါ်ရှိကုန်စိမ်းသည်များမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူမှုများ ရှိသည့်အပြင် ရန်ကုန်မြို့သို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိပြီး ပြည်တွင်း ဈေးကွက်ခိုင်မာမှုရှိသော သကြားပြောင်းဖူးသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရှိရ ပါသည်။
DOCA(ပဲခူး)