Main menu

ရာသီပေါ် ဈေးကောင်းရနေတဲ့ခဝဲသီး

Powered by Drupal

  ပြည်မြို့ရှိ စည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ရာသီပေါ်ခဝဲသီးများ ရောင်းချနေပြီး ဈေးကောင်းရကြောင်း သိရပါသည်။ ခဝဲသီးများကို ပြည်မြို့အနီး တဝိုက်ရှိ ကျေးရွာများဖြစ်သော မှော်ဇာ၊ ပန်းတောင်း၊ ဥသျှစ်ပင်၊ ဖိုးခေါင် အစရှိသောကျေးရွာများမှ ရေလောင်းစိုက်ပျိုးပြီးတင်သွင်းရောင်းချကြောင်းသိရပါသည်။ ယခင်နှစ်တွင် ခဝဲသီးတစ်တောင့်လျှင် ၈၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်တွင် ခဝဲသီးအတောင့်ချောတစ်တောင့်လျှင် ၁၀၀၀ကျပ်ဖြင့် ဈေးကောင်းရရောင်းဝယ်နေကြောင်း သိရပါသည်။

DOCA(ပဲခူး)