
ပြည်မြို့၏ဇွန်လဒုတိယပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပဲကြီး၊ မတ်ပဲ၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ စားတော်ပဲသီးနှံများ အရောင်းသွက်လျက်ရှိသည်။
ဇွန်လပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)သီးနှံ တစ်တင်းကို (၉၂၀၀၀)ကျပ်၊ ပဲကြီး (ကုန်းပဲ) တစ်တင်းကို (၈၀၀၀၀)ကျပ်ဖြင့် ပဲကြော် သမားများမြို့တွင်းအဝယ်ရှိပါသည်။ ဇွန်ဒုတိယပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းကို (၉၅၀၀၀)ကျပ်၊ ပဲကြီး(ကုန်းပဲ) တစ်တင်းကို (၈၅၀၀၀)ကျပ်ဖြင့် ဈေးတက် လာပြီး ပဲကြော်သမားများတစ်ရက်ကိုအိတ် (၂၀၀/၃၀၀)ခန့် အဝယ်ရှိပါသည်။ ပဲကြီးသီးနှံများလည်း မြို့နယ်စုံ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
DOCA(ပဲခူး)