Main menu

မုဒုံမြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်နှင့် ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၁၇.၆.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးညီလွင်အေးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုဒုံမြို့ပေါ်ရှိ ဆန်ဆိုင်ကြီးများ၊ ဆန်ဂိုဒေါင်များတွင် ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့ပေါ်ရှိ ဆန်ဆိုင်ကြီးများ၊ ဆန်ဂိုဒေါင်များတွင် ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိပါကြောင်း သိရှိရပါသည်။

DOCA (မွန်)