Main menu

ပြည်ခရိုင်၌ထိုင်းဘာသာဖြင့်ကုန်းအညွှန်းအမှတ်အသားဖော်ပြထားသည့် Sprite အမှတ်တံဆိပ် အချိုရည်များရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်အတွင်း မြို့နယ်များဖြစ်သော ရွှေတောင်မြို့ ယွန်းတန်းရပ်ကွက်၊ ကြာနီကန်ရပ်ကွက်နှင့် ပြည်မြို့နယ် မြို့ပေါ်ကုန်စုံဆိုင်တို့တွင် (၂၀၂၅ခုနှစ် ဇွန်လ (၄)ရက်၊ ပေါက်ခေါင်းမြို့နယ် မြို့ပေါ်စတိုးဆိုင်များသို့ ဇွန်လ(၅)ရက်၊ ပန်းတောင်းမြို့ ပေါ်ကုန်စုံဆိုင် များသို့ ဇွန်လ (၆)ရက်တို့တွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ခရိုင် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင် သာယာ ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့နယ်များရှိဈေးကွက်များတွင် ရောင်းချနေ သော ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် Sprite အမှတ်တံဆိပ် အချိုရည်များ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရပါသည်။

  အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်း ထိုင်းဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားဖော်ပြထားသည့် Sprite အမှတ်တံဆိပ် အချိုရည်များ ရောင်းချခြင်း ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ အဆိုပါ Sprite အချိုရည်များ ‌ရောင်းချခြင်း မတွေ့ရှိရဘဲ အကြည်ပလတ်စတစ်ဘူးများဖြင့် ထုပ်ပိုးထားသည့် Sprite အချိုရည်ဘူးများသာ ရောင်းချမှုတွေ့ရှိရပြီး ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ရေးသားဖော်ပြထား \သော Sprite အချိုရည်များသာ ရောင်းချနေကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)