Main menu

သထုံမြို့နယ်တွင် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားခြင်းနှင့်စပ်လျဥ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

        ၁၂.၆.၂၀၂၅ ရက်နေ့တွင် သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သထုံမြို့၊ အမှတ် (၄၀၂) ၊ ရေကန်ရပ်လမ်း၊ သိမ်ကုန်းရပ်ကွပ်ရှိ ပိုင်ရှင်အမည် ‌ဒေါ်ဇာဇာလွင်၊ လုပ်ငန်းအမည် Hsu Collection အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်း အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် လျှောက်ထားခြင်းနှင့်စပ်လျဥ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူက အွန်လိုင်းစနစ်ဖြင့် ရောင်းချသောလုပ်ငန်းရှင်အား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဥ်း၍ကွင်းဆင်း စစ်ဆေးရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း မြေပြင်တွင် လုပ်ငန်းအမှန်တကယ် ရှိ/မရှိ မှတ်ပုံတင်လျှောက်ထားစဥ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအမျိုးအစားအတိုင်း မြေပြင်တွင်အမှန်တကယ် ရောင်းချနေသောစာရင်းကိုက်ညီမှု ရှိ/မရှိတို့အား မေးမြန်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)