Main menu

ဖရဲစိုက်ပျိုးဝင်ငွေတိုး

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ၊ သာစည်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး သစ်သီးဝလံတစ်မျိုးဖြစ်သည့် မိုးဖရဲကို မေလမှာ စတင်စိုက်ပျိုး ကြောင်း၊ သာစည်မြို့နယ်တွင် ဖရဲစိုက်ဧက(၉၄၄)ဧက စိုက်ပျိုးကြကြောင်း  မြေစာရင်းဦးစီးဌာနရုံး မှသိရသည်။ ဘာဟူဘာလီ (BAHUBALI) အမှတ်တံဆိပ် ဖရဲမျိုး (၂၀)kg တစ်ထုပ်လျှင်  (၅၀၀၀၀) ကျပ်နှုန်းဖြင့် တစ်ဧကလျှင်(၄)ထုပ် စိုက်ပျိုးရပြီး မြေပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ အပင်ပြုစုခြင်း၊ မြောင်း ဖော်ရေသွင်းခြင်းစသည့် လုပ်အားခအပါအဝင် တစ်ဧကကျပ်(၁၅)သိန်းခန့်ကုန်ကျကြောင်း၊ တစ်ဧက ထွက်နှုန်းအနေဖြင့်အလုံး(၂၀၀၀)မှ(၂၅၀၀)အထိထွက်ရှိကြောင်းသိရှိရပါသည်။ဘာဟူဘာလီ  (BAHUBALI) မျိုးမှာ စိုက်ပျိုးပြီး နှစ်လအကြာတွင် ခူးဆွတ်နိုင်ပြီး ဖရဲစိုက် တောင်သူများ အနေဖြင့် ထွက်ရှိလာသည့် ဖရဲကို ဈေးကွက်သို့ သွားရောက်ရောင်းချခြင်း မရှိဘဲ ဝယ်လက်ပွဲစားများက စိုက်ခင်းအရောက် ကားစီး လုံးလာရောက်ဝယ်ယူကြကြောင်း၊ ယခင်နှစ်က မျိုးစေ့ တစ်ထုပ်အပေါ် ကျပ်(၁၀)ဈေးနှုန်းဖြင့် ဝယ်ယူ ခဲ့ကြကြောင်း တစ်ဧကလျှင် မျိုးစေ့(၄) ထုပ် စိုက်ပျိုးရာ ကျပ်(၄၀)သိန်းဖြင့် ရောင်းချခဲ့ရသဖြင့် တောင်သူများ ဖရဲစိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုး ခဲ့ကြပြီး ဈေးကွက် အနေဖြင့် ရန်ကုန်၊ မော်လမြိုင်၊ လောက်ကိုင်မြို့များသို့ တင်ပို့ ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)