Main menu

ကြက်သွန်ချဉ်ဈေးကွက်အရောင်းသွက်

Powered by Drupal

            ကြက်သွန်ချဉ်သည် အရသာရှိပြီး အစာခြေစနစ်အတွက်ကောင်းမွန်သော အစားအစာ တစ်ခုဖြစ်ကြောင်း သိရှိရသည်။ မြင်းခြံမြို့နယ်အတွင်းရှိ ရောင်းချနေသော ယခုဇွန်လအတွင်း ကြက်သွန် ချဉ် ၂၅ ကျပ်သား တစ်ထုတ်လျှင် ၁၅၀၀ ကျပ်၊ တစ်ပိဿာလျှင် (၅၅၀၀) ကျပ်ပေါက်ဈေးများ ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင် မေလ ကြက်သွန်ချဉ် ၂၅ ကျပ်သားလျှင် (၂၀၀၀) ကျပ်၊ တစ်ပိဿာ လျှင်(၇၀၀၀) ကျပ်ပေါက်ဈေးများဖြင့်ရောင်းချခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခင်လထက် ယခုလတွင် ကြက်သွန်ချဉ် ၂၅ ကျပ်သားလျှင် (၅၀၀)ကျပ်၊ တစ်ပိဿာလျှင်(၂၅၀၀) ကျပ်ခန့် ဈေးနှုန်းများကျဆင်းခဲ့ကြောင်း သိရှိရသည်။ ထိုသို့ကျဆင်းခဲ့ခြင်းမှာ ကြက်သွန်နီ ကုန်ကြမ်းများ ဈေးကွက်တွင်ပေါများစွာ ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ဈေးနှုန်းများကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း၊ စားသုံးမှုများသောကြောင့် ရောင်းအားလည်းကောင်းကြောင်း ကြက်သွန်ချဉ်ရောင်းချသူ တစ်ဦး၏ ပြောပြချက် အရသိရှိရသည်။ ဈေးကွက်ဝင်ရောက်မှုအနေဖြင့် ပခုက္ကူ၊ မုံရွာနှင့် မန္ထလေးမြို့တို့မှ မှာယူရောင်းချကြောင်း သိရှိရသည်။  စားသုံးမှုအနေဖြင့် ကြက်သွန်ချဉ်သည် probiotics ပါဝင်သောကြောင့် အူမှအကျိုးပြုဘက်တီးရီးယာများကို အားဖြည့်ပေးကာ အစာချေစနစ်ကို ကောင်းမွန်စေ သလို ဗီတာမင် C၊ ဗီတာမင် BC၊ နှင့် အခြားအာဟာရဓာတ်များပါဝင်သောကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးသည်။ ကြက်သွန်ချဉ်သည် သွေးတွင်းဂလူးကို့စ် ကိုထိန်းညှိပေးနိုင်သောကြောင့် ဆီးချိုရောဂါရှိသူများ စားသုံးသင့်ပေသည်။ ကြက်သွန်ချဉ်ကို ထမင်းနှင့်တွဲဖက်၍သော်လည်းကြောင်း၊ ရှမ်း-ဆန်စီး စသည်များနှင့် တွဲဖက်၍စားသုံးနိုင်သလို စွပ်ပြုတ်၊ ခေါက်ဆွဲပြုတ်ချိုများနှင့် လည်း စားသုံးနိုင်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)