Main menu

ပန်းဂေါ်ဖီစိမ်းစျေးကွက်

Powered by Drupal

             မန္တလေးဒေသ ပတ်ဝန်းကျင်ဖြစ်သည့် အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ပြင်ဦးလွင် ဒေသများ နှင့် ရှမ်းပြည်နယ် တောင်ပိုင်းဒေသများမှ ထွက်ရှိသည့် ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်းများ စျေးကွက်အတွင်း ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ပန်းဂေါ်ဖီပွင့်ဖြူ နှင့် ပန်းဂေါ်ဖီပွင့်စိမ်း မှာအရောင်းသွက်သည့်ကုန်စိမ်းအမယ်များဖြစ်ပြီး၊ ပန်းဂေါ်ဖီစိမ်းမှာ နူးညံ့မှု ပိုသည့်အတွက် စျေးပိုရကြောင်း သိရှိရပါသည်။ ပန်းဂေါ်ဖီစိမ်းသည်ကယ်လ်လိုရီနည်းသည့်ဟင်း သီးဟင်းရွက်အမယ်တစ်မျိုးဖြစ်ပြီး၊ အမျှင်ဓါတ်၊ သတ္တုဓါတ်နှင့် ဗီတာမင်များနှင့် Antioxidants  များကြွယ်ဝခြင်းတို့ ကြောင့်ကျန်းမာရေးအတွက်အကျိုးပြုသောဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ပါသည်။ပန်းဂေါ်ဖီ ပွင့်စိမ်း မှာ မန္တလေးကုန်စိမ်း စျေးကွက်အတွင်း ၂၀၂၅ ခုနှစ် ဇွန်လဒုတိယပတ် အတွင်း ပန်း‌ဂေါ်ဖီပွင့် စိမ်းလက္ကားစျေးမှာ တစ်ခုလျှင်  ၁၃၀ဝိ/-နှင့် ၁၅၀ဝိ/- စျေး၊လက်လီစျေးမှာ  ၁၇၀ဝိ/- နှင့် ၂၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ ပန်းဂေါ်ဖီစိမ်းများမှာ အရွယ်အစားအလိုက် စျေးအနည်းငယ်ကွာခြားမှုများရှိပြီး၊ အရောင်းသွက်လျှက်ရှိသည့် ဟင်းသီး ဟင်းရွက် အမယ်တစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးကုန်စိမ်းရောင်းချသည့်သီရိမာလာ စျေး(ပိုက်ကျုံးစျေး)တွင် ပန်း‌ဂေါ်ဖီဖြူနှင့် ပန်းဂေါ်ဖီစိမ်း ကားဝင်ရောက်မှုမှာ နေ့စဉ်တစ်ရက်လျှင် Canter () ဘီးကား (၈)စီးနှင့် (၁၀)စီး အကြား ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)