
ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပတင်ပို့သည့်ပဲပုတ်မှာ မန္တလေးစျေးကွက်သို့ ရှမ်းပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့မှဝင်ရောက်ကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲပုတ် အပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန် တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဇွန်လဒုတိယပတ်အတွင်း ပေါက်စျေး မှာ ၃တင်းဝင်တစ်အိတ် လျှင် ပဲပုတ်(ရှမ်း) ၂၇၀၀၀၀ကျပ်နှင့် ၂၈၀၀၀၀ကျပ်၊ ပဲပုတ်(ဗမာ)၄၁၅၀၀၀ ကျပ်၊ တစ်ပိဿာ ပေါက်စျေး မှာ ပဲပုတ်(ရှမ်း) ၅၀၇၀ ကျပ်နှင့် ၅၂၅၈ ကျပ်၊ ပဲပုတ်(ဗမာ)၇၇၉၃ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲပုတ် (ရှမ်း) ၃၉၄၄ ကျပ်နှင့် ၄၁၃၁ကျပ်၊ ပဲပုတ်(ဗမာ) ၃၇၁၈ ကျပ်နှင့်၃၇၅၆ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခုနှစ်နှင့် ယခင်နှစ် ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ပဲပုတ်(ရှမ်း) ၁၁၂၇ ကျပ်စျေးပိုမိုရရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)