Main menu

အရောင်းသွက်သည့်ပဲယင်းစျေးကွက်

Powered by Drupal

          ပဲယဉ်းသီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့တင်ပို့သည့်စျေးကွက်ဝင် ပဲအမျိုး အစားဖြစ်ပြီး၊မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ် ပဲယင်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက် ပျိုးမှုမှာ (၁၀၁၉၄၇၇)ဧက ဖြစ်ကြောင်း သိရပါသည်။ မန္တလေးစျေးကွက်သို့ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှထွက်သည့်ပဲယဉ်း များဝင်ရောက်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော် အသင်းတွင် ၂၀၂၅ခုနှစ်ဇွန်လဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင် တစ်အိတ်လျှင် ပဲယင်း(ကြီး/ လတ်)  ၂၃၅၀၀၀ ကျပ်၊ ပဲယင်း(သေး) ၂၃၀၀၀၀ ကျပ်နှင့် ၂၃၄၀၀၀ ကျပ်၊ ပဲယင်း(နီ) ၂၆၅၀၀၀ ကျပ်၊ တစ်ပိဿာ စျေးမှာ ပဲယင်း(ကြီး/လတ်) ၃၉၁၇ ကျပ်၊ ပဲယင်း (သေး)၃၈၃၃ ကျပ်နှင့် ၃၉၀၀ ကျပ်၊ ပဲယင်း(နီ) ၄၄၁၇ ကျပ်တို့ဖြစ်ပြီး၊  ယခင်နှစ် ကာလတူ တစ်ပိဿာစျေးမှာ ပဲယင်း(ကြီး/လတ်)၂၆၆၇ကျပ် နှင့် ၂၇၅၀ ကျပ်၊ပဲယင်း(သေး) ၂၅၈၃ကျပ် နှင့် ၂၆၀၀ကျပ်၊ ပဲယင်း (နီ)၃၅၈၃ကျပ်တို့ဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။ ယခုနှစ်စျေးနှင့်ယခင်နှစ် ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါက ပဲယင်းပေါက်စျေးမှာ ပိုမိုရရှိကြောင်း သိရှိရပါသည်။

(DOCA)မန္တလေး