ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်း တွင်သုံးစွဲမှု များပြားခြင်း၊ ပြည်ပတင်ပို့ ခြင်းတို့ကြောင့် မန္တလေးစျေးကွက်တွင် အရောင်းသွက်သည့် ကုန်စည်ဖြစ် ကြောင်း သိရပါသည်။ မန္တလေးအစေ့ထုတ်ပြောင်းစျေးကွက်သို့ ရှမ်းပြည်နယ်မှ အများအပြား ဝင်ရောက်လျက် ရှိပြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှလည်းဝင်ရောက်လျက်ရှိကြောင်း သိ ရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု ၃၆၆၂၂ ဧက၊ ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက်နှုန်း ၄၉.၅၅ တင်း၊ အထွက်တင်း စုစုပေါင်း ၆၆၀၅၉၁ တင်းဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များ မဟာကထိန်တော် အသင်းတွင် ၂၀၂၅ ခုနှစ်ဇွန်လဒုတိယပတ်အတွင်းဖြစ်ပေါ်သည့်အစေ့ ထုတ်ပြောင်းစျေးမှာ၃တင်း ဝင်တစ်အိတ်လျင်ပြောင်းဖူးစေ့(ဗမာ) ၈၄၀၀၀ ကျပ်နှင့်၈၅၀၀၀ကျပ်၊ပြောင်းဖူးစေ့(ရှမ်း) ၈၆၀၀၀ ကျပ်နှင့် ၈၇၀၀၀ ကျပ်၊ပြောင်းဖူးစေ့(စီပီ) ၈၇၀၀၀ကျပ်နှင့်၈၈၀၀၀ကျပ်၊တစ်ပိဿာ စျေးအနေဖြင့် ပြောင်း ဖူးစေ့(ဗမာ) ၁၅၅၆ ကျပ်နှင့် ၁၅၇၄ ကျပ်၊ ပြောင်းဖူးစေ့(ရှမ်း)၁၅၉၃ကျပ် နှင့် ၁၆၁၁ကျပ်၊ ပြောင်းဖူးစေ့(စီပီ) ၁၆၁၁ ကျပ်နှင့်၁၆၃၀ကျပ်စျေးတို့ဖြစ်ကြောင်းသိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပြောင်းဖူးစေ့(ဗမာ) ၁၂၀၄ကျပ်နှင့်၁၂၂၂ကျပ်၊ပြောင်းဖူးစေ့(ရှမ်း)၁၂၅၉ ကျပ်နှင့် ၁၂၇၈ ကျပ်၊ ပြောင်းဖူးစေ့(စီပီ) ၁၂၅၉ကျပ်နှင့် ၁၂၇၈ ကျပ်တို့ ဖြစ်ကြောင်း သိရပါတယ်။ယခု နှစ် စေျးနှင့်ယခင်နှစ်ကာလတူစျေးနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၃၀၀ ကျပ် ခန့်ပိုမိုရရှိကြောင်းသိရပါသည်။
DOCA(မန္တလေး)