
နေကြာသီးနှံမှာ ပြည်တွင်းစားဆီကြိတ်ခွဲခြင်းနှင့်ဆီစက်လုပ်များအတွက် အရေးပါ သကဲ့ သို့ နေကြာစေ့များအား လှော်၍သရေစာအဖြစ်စားသုံး ကြောင်းသိရပါတယ်။ နေကြာသီးနှံအား မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် အများအပြားစိုက်ပျိုးကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးတွင် နေကြာသီးနှံကို မိုးနေကြာ နှင့် ဆောင်းနေကြာ အဖြစ် စိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မိုးနေကြာစိုက်ပျိုးမှု ၄၁၇၄၉ ဧက၊ ရိတ်သိမ်းမှု၃၀၂၅၃ ဧက၊အထွက် ၂၃.၈၅ တင်းနှုန်းနှင့်အထွက် ၇၂၁၄၃၉ တင်းဖြစ် ကြောင်းသိရပါတယ်။နေကြာဆီသည် ကျန်းမာရေးအရ စားသင့်သည့်မပြည့်ဝ ဆီတစ်မျိုးဖြစ် ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဇွန်လဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်ဆီနေကြာသီးနှံပေါက် စျေးမှာ ၃တင်းဝင်(၂၇ ပိဿာပါ) တစ်အိတ်လျှင် ၁၉၅၀၀ဝ ကျပ်နှင့် ၂၀၀၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၇၂၂၂ကျပ် နှင့် ၇၄၀၇ ကျပ်၊ နေကြာဖတ်တစ် ပိဿာလျှင် ၂၃၅ဝ ကျပ်နှင့်၂၄၀ဝ ကျပ်ဖြစ်ပြီး ယခင်နှစ် ကာလတူ ပေါက်စျေးမှာ တစ်ပိဿာလျှင် ၄၄၄၄ ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။ဆီနေကြာယခုနှစ် နှင့်ယခင်နှစ်ပေါက်စျေးနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၂၇၀၀ ကျပ်စျေး ပိုမိုရရှိကြောင်း သိရပါတယ်။ ဆီနေကြာသီးနှံ ဝင်ရောက်မှုအပေါ်မှုတည်၍ ရက်အလိုက်ပေါက် စျေးအနည်းငယ်ပြောင်း လဲမှုရှိနိုင်ကြောင်းသိရပါတယ်။
DOCA(မန္တလေး)