
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာအတွင်း ဖွင့်လှစ်ထားသော နန္ဒဝန်ဈေးသစ်တွင် ၂၀၂၅ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ရာသီစာ ကင်းပုံသီးများ လှိုင်လှိုင် ဝင်ရောက်လာ၍ အရောင်းသွက်နေကြောင်း သိရသည်။ ကင်းပုံသီးတွင် အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်သောကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေးကို အထောက်အကူပြုကြောင်း သိရသည်။ ဇွန်လ တတိယပတ်အတွင်း နန္ဒဝန် ဈေးသစ်၌ ရောင်းချ နေသော ကင်းပုံသီးဈေးနှုန်းများအနေဖြင့် ကင်းပုံသီး ( ၁ )ဘူးလျှင် (၅၀၀)ကျပ်၊ တစ်ပြည်လျှင်( ၃၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
Doca(စစ်ကိုင်း)