
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့်(၁၆.၆.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)အချိန်တွင် ဇလွန်မြို့၊ ညောင် ပင်ဈေးရပ်ကွက်တွင် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများဝယ်ယူအသုံးပြုနိုင်ရေး ရောင်းချပေးလျက်ရှိပါသည်။ဇလွန်မြို့နယ်အတွင်း ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးအတွက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန နှင့် လုပ်ငန်းရှင်များပူးပေါင်း၍ ဆန်၊ ကြက်ဥနှင့် စားအုန်းဆီများ ရောင်းချပေးခဲ့ ကြောင်းသိရသည်။
ထိုသို့ရောင်းချရာတွင် ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင် ရန် ကြက်ဥ တစ်လုံးလျှင် ၃၃၀/- ကျပ်ဖြင့် အလုံးရေ ၁၀၀၀ ကို လည်းကောင်း၊ စားအုန်းဆီ တစ်ပိဿာလျှင် ၇၀၀၀/- ကျပ်နှုန်းဖြင့် ပိဿာချိန် (၁၁၀)နှင့် ဆင်းသုခ ဆန်တစ်ပြည်လျှင် ၂၀၀၀/- ကျပ် တစ်ဦးလျှင် (၂)ပြည်နှုန်းဖြင့် ဆန်(၇)အိတ် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါ ဆန်၊ ကြက်ဥနှင့် စားအုန်းဆီများကို ပြည်သူများ ဈေးနှုန်းသက်သာစွာနှင့် အဆင်ပြေစွာ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)