
၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် ဇလွန်မြို့နယ်၊ ညောင်ပင်ဈေးရပ်ကွက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်း အဝေးခန်းမ၌ ဆန်စက်လုပ်ငန်းရှင်များအား စီးပွားရေးလုပ်ငန်းရှင်တာဝန်များ လိုက်နာဆောင်ရွက် စေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမြင့်မားသောကုန်စည်များ ထုတ်လုပ်ရောင်းချ နိုင်စေရေးတို့အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။
အဆိုပါဟောပြောပွဲတွင် ဇလွန်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုန်စည်အမျိုး အစားများ၌ ကုန်အညွှန်းအမှတ်အသားဆိုင်ရာဖော်ပြချက်များ ပြည့်စုံကိုက်ညီစွာထုတ်လုပ်နိုင်စေ ရန်၊ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှု၏အာမခံချက်၊သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန် ကန်သောသတင်းအချက်အလက်များပေးရန်၊စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် စီးပွားရေးကျင့် ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ရန်၊ ကုန်သွယ်မှုပြုရန်နှင့် ထုတ်လုပ်မှုပြုရန် အလို့ငှာ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ အစိုးရ ဌာန၊အစိုးရအဖွဲ့အစည်း များကသတ်မှတ်ထားသည့် အရည်အသွေးစံသတ်မှတ်ချက် များအ ပေါ်အခြေခံ၍ အာမခံချက်ပေးရန်စသည့် စီးပွားရေးလုပ်ငန်းရှင်တာဝန်များကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး ဆန်စပါးဈေးနှုန်းအခြေအနေများ၊ ကုန်စည်စီးဆင်းမှု အခြေအနေများနှင့်စပ်လျဉ်း၍ အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)