
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၇.၆.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြံခင်းမြို့ပေါ်ရပ်ကွက်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းရာတွင် ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ဆန်ဆိုင်များအနေဖြင့် မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ် MRFမှလအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း ဖြင့် ဆန်များ ဖြန့်ဖြူးရောင်းချနိုင်ရေးကိုကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် အမြတ် ၈% ထက်ကျော် လွန်ရောင်းချခြင်း မဖြစ်စေရေး၊ ဈေးကွက် အတွင်း ကုန်စည်များ ပြတ်လပ်မှု မရှိစေရေးတို့ကို စစ်ဆေးခဲ့ ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြား ချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာ ဖြင့် ပြည်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် ထုတ်ပြန်ထားသော ညွှန်ကြား ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှု ရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ အကြောင်း၊ တားမြစ်ချက်များ အကြောင်းနှင့် ပြစ်မှုပြစ် ဒဏ်များ အကြောင်း စသည့်တို့ကို အသိပညာ ပေး ဆွေးနွေးခဲ့ပြီး၊ ဆန်အရောင်းဆိုင်(၆)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA (ဧရာဝတီ)