
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၁၇.၆.၂၀၂၅)ရက်နေ့ နံနက်(၁၁:၃၀) အချိန်တွင် ဇလွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်နှင့် အခွင့်အရေးများအ ကြောင်း အသိပညာပေး Talk Show အစီအစဉ်ကိုဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိသူ သည် မိမိတို့ရောင်းချသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ တာဝန်ယူဖြေရှင်း ဆောင် ရွက်ခြင်း၊ အရောင်းပြေစာပေးအပ်ခြင်း၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်နှင့် အာမခံချက် ပေးခြင်း၊ ရောင်းချသော ကုန်စည်၏ ကျသင့်တန်ဖိုးနှင့်ညီမျှသည့် အရည်အသွေးပြည့်မီစေရန် တာဝန် ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း၊အွန်လိုင်းရောင်းချသူလုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်ထား ခြင်း မရှိ သော ကုန်စည်များရောင်းချခြင်း၊ စားသုံးသူ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော အပြုအမူများ၊ အပြော အဆိုများ ပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ရမည် ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်း ဆွေးနွေး ခဲ့ပါသည်။ ဆက်လက်၍ အွန်လိုင်းစနစ်ဖြင့်ရောင်းဝယ်မှု ပြုလုပ်နေသော လုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းမှတ်ပုံတင်လက်မှတ်တင်ထားခြင်းဖြင့် ရရှိနိုင်သည့် အခွင့် အရေးများ အကြောင်း ရှင်းလင်း ခဲ့ပါသည်။ ထိုသို့ရှင်းလင်းရာတွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိ သူသည် မိမိ၏ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ကြောင့် မဟုတ်လျှင် စားသုံးသူ၏နစ်နာဆုံးရှုံးမှုသည် တိုင်ကြားခံရပါက ဥပဒေအရ ကာ ကွယ်ခုခံပိုင်ခွင့်ရှိခြင်း၊ မိမိလုပ်ငန်းနှင်ပတ်သက်၍ တရားဝင် အရေးဆိုတင်ပြပိုင်ခွင့်ရှိခြင်း၊ မိမိလုပ်ငန်း ၏ နာမည် ကောင်းပြန်လည်ရရှိနိုင်သည့် အခွင့်အရေးရှိခြင်း စသည့် အကျိုးရလဒ်များရရှိပြီး၊ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုကို ရောင်းချရာတွင်လည်း သဘောတူညီချက်၊ တန်ဖိုးတို့နှင့်အညီ ငွေပေးချေမှုကို လက်ခံရယူပိုင်ခွင့်ရှိခြင်း၊ အွန်လိုင် းစနစ်တွင်လည်း မှတ်ပုံတင်လက်မှတ်ပါ အမည်ဖြင့် ရောင်းချခွင့်ရှိခြင်း စသည့် အွန်လိုင်းမှတ်ပုံ တင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့်အခွင့်အရေးများအကြောင်းအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA (ဧရာဝတီ)