
စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်ဦးစီးမှူးရုံးမှအငယ်တန်းစာရေးသည်(၁၇.၆.၂၀၂၅)ရက်နေ့ နံနက် (၁၁:၀၀) အချိန်တွင် ဟင်္သာတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အွန်လိုင်းမှတ်ပုံ တင်လက်မှတ်ရရှိသူ၏တာဝန်များအကြောင်း အသိပညာပေး Talk Show အစီအစဉ်ကိုဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအစီအစဉ်တွင် အငယ်တန်းစာရေး ဦးချမ်းငြိမ်းဇော်က အွန်လိုင်းမှတ်ပုံတင်လက်မှတ် ရရှိသူသည် မိမိတို့ရောင်းချသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ တာဝန်ယူဖြေရှင်း ဆောင်ရွက်ခြင်း၊ အရောင်းပြေစာပေးအပ်ခြင်း၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်နှင့် အာမခံ ချက်ပေးခြင်း၊ ရောင်းချသော ကုန်စည်၏ ကျသင့်တန်ဖိုးနှင့်ညီမျှသည့် အရည်အသွေးပြည့်မီ စေရန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း၊ ဆက်လက်၍ အွန်လိုင်းရောင်းချသူ လုပ်ငန်းရှင် များအနေဖြင့် မှတ်ပုံတင်ထားခြင်းမရှိသော ကုန်စည်များရောင်းချခြင်း၊ စားသုံးသူ၏ဂုဏ်သိက္ခာကို ထိခိုက်စေသော အပြုအမူများ၊ အပြောအဆိုများ ပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ရမည်ဖြစ်ပြီး ၎င်းသတ် မှတ်ချက် တစ်ရပ်ရပ်ကို မှတ်ပုံတင်လက်မှတ်ရရှိသူက ဖောက်ဖျက်ကြောင်းတွေ့ရှိပါက မှတ်ပုံတင် လက်မှတ်ကို ကာလအကန့်အသတ်ဖြင့် ဆိုင်းငံ့ခြင်း၊မှတ်ပုံတင်လက်မှတ် ပယ်ဖျက်ခြင်းကို ဦးစီးဌာန မှ ချမှတ်နိုင်ပြီး လုပ်ငန်းရှင်များအနေဖြင့် ကျေနပ်မှုမရှိပါက ဝန်ကြီးဌာနသို့ ရက်ပေါင်း ၃၀ အတွင်း စာဖြင့်ရေးသား၍ အယူခံဝင်နိုင်ကြောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
DOCA (ဧရာဝတီ)