
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ရက်နေ့ မအူပင်မြို့နယ်၏ အခြေခံစားသောက်ကုန်များဖြစ်သော ဧရာဝတီပေါ်ဆန်း တစ်ပြည် ၆၀၀၀ ကျပ်၊ ဧည့်မထ (ဒေသ) ဆန် တစ်ပြည် ၅၂၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။
စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၂၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ (ရှမ်းစ) တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်)ဒေသမျိုး တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၄၀၀၀ ကျပ်၊ ပဲဆီသန့်၁ပိဿာ ၂၀၀၀၀၊ နေကြာဆီ ၁ပိဿာ ၁၈၀၀၀ကျပ်၊ ကြက်ဥ ၁လုံး ၄၅၀ကျပ်၊ ဘဲဥ ၁လုံး ၅၀၀ကျပ် စသည်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။
အသား၊ ငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၃၅၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၅၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ ကျော့ပုဇွန် ၁ပိဿာ ၂၀၀၀၀ကျပ်၊ ငါးရံ့ ၁ပိဿာ ၁၅၀၀၀ကျပ်၊ ဈေးနှုန်းများ ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။
အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင် မေလ ပထမအပတ်နှင့်ဈေးနှုန်း နှိုင်းယှဉ်ပါက ဈေးနှုန်းမြင့်တက်ရခြင်း မရှိပဲ ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်းတွေ့ရှိရသည်။ ဒေသထွက်များ သားငါးများ ပေါများသဖြင့် ဈေးနှုန်းတည်ငြိမ်ခြင်းဖြစ်ကြောင်း ကျန်အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)