
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဝက်သားစျေးနှုန်းများမှာ (၃၄၀၀၀)ကျပ်အထိ မြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။ ဝက်သားစျေးနှုန်းများမြင့်တက်လာရခြင်း အကြောင်းအရင်းများမှာ ဝက်စာစျေးနှုန်းများ၊ ဒေသတွင်းဝက်မွေးမြူရေးလုပ်ငန်းများ နည်းပါးလာခြင်းများဖြစ်ကြောင်း ဝက်သားဒိုင်များမှ သိရှိရပါသည်။
ယခု ဇွန်လအတွင်းတွင် တိုင်းအစိုးရအဖွဲ့၊ တိုင်းဒေသကြီးကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ များ၏ ထိန်းကျောင်းပေးမှုများကြောင့် စျေးနှုန်းများမှာအနည်းငယ်တည်ငြိမ်လျက်ရှိပါသည်။ လက်ရှိဝက်သားစျေးနှုန်းများမှာ ယခင်လနှင့်နှိုင်းယှဉ်မည်ဆိုပါက (၃၂၀၀၀) ကျပ်မှ (၃၄၀၀၀) ကျပ်အထိ စျေးနှုန်းအနည်းငယ်တက်လျက်ရှိပါသည်။
DOCA(တနင်္သာရီ)