Main menu

ညောင်တုန်းမြို့နယ် လိုင်စင်ရ စက်သုံဆီးဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တိုင်းဒေသကြီးဆပ်ကော်မတီအဖွဲ့ဝင်များသည် (၁၅-၆-၂၀၂၅) နံနက်ပိုင်းတွင် ညောင်တုန်းမြို့နယ်အတွင်းရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များအား သက်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချမှု ရှိ/မရှိကို ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးကြသည်။

  ထိုသို့ စစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီး ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ၊ အကန့်အသတ်ဖြင့်ရောင်း‌ချမှုရှိ/မရှိ၊ ခြင်တွယ်မှန်ကန်မှုရှိ/မရှိ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ စက်သုံးဆီများ သိုလှောင်ထားရှိမှုအခြေအနေတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး ရေများမြင့်တက်ဝင်ရောက်လာပါက သိုလှောင်ကန်များ၏ ဗားများစနစ်တကျပိတ်ထားရန်နှင့် စက်သုံးဆီဆုံးရှုံးမှုမရှိစေရေး ဂရုပြုဆောင်ရွက်ရန်မှာကြာခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)