Main menu

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော မင်းကွတ်သီးဈေးနှုန်း

Powered by Drupal

  မင်းကွတ်သီးသည် အရည်ရွှမ်းပြီး နူးညံ့သိမ်မွေ့သော အသွင်အပြင်နှင့် အနံ့အရသာ ရှိကြောင်း၊ အခွံအညိုရောင်ရှိပြီး နွှာလိုက်လျှင် အထဲမှာ အဖြူရောင်အမြွှာလေးဖြစ်ကြောင်း၊ မင်းကွတ်သီးသည် ချိုချိုချဉ်ချဉ် အရသာရှိသောကြောင့် အအီပြေစေတဲ့အသီးအဖြစ် လူတော်တော် များများက စားကြကြောင်း၊ ကန့်ဘလူမြို့နယ်တွင် ရောင်းချနေသည့် မင်းကွတ်သီးများကို မော်လ မြိုင်မှလည်းကောင်း၊ မန္တလေးမှလည်းကောင်း ဝယ်ယူရောင်းချကြောင်း သိရှိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် မင်းကွတ်သီး (၁)လုံးလျှင် (၄၀၀)ကျပ်၊ (၁၁)လုံးလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ မင်းကွတ်သီး စားသုံးပေးခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူပြုသည့်အတွက် အကျိုးကျေးဇူးများစွာရရှိ စေသော ရာသီပေါ်အသီးအနှံတစ်မျိုးဖြစ်ကြောင်း၊ ယခုပတ်တွင် မင်းကွတ်သီးများ ပုံမှန်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)