Main menu

မြိတ်မြို့ရှိ အမကကန်ဖျားကွက်သစ်ကျောင်းသို့ အသိပညာပေးဟောပြောခြင်း

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မိုးသီသီနှင့် ဝန်ထမ်းများသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်းပြီး အမက ကန်ဖျားကွက်သစ် ကျောင်းသို့ ၂၀၂၅ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့ နံနက်(၉း၃၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေဟောပြောခြင်းနှင့် အစားအစာစားသုံးရာတွင် လိုက်နာဆောင်ရွက်သင့်သည့် ကျန်းမာရေးအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်း မုန့်ဈေးတန်း များကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

     ဟောပြောရာတွင်စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်၊ ကုန်စည် အရည်အသွေးအကြောင်းများ၊ အစားအစာနှင့် ပတ်သက်သော ကောင်းကျိုး၊ ဆိုးကျိုးများကို ရှင်းလင်းပြောကြားကာ လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပြီး အမကကန်ဖျားကွက်သစ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၅၀)ဦးကို ဒု-ခရိုင်ဦးစီးမှူးမှ ရှင်းလင်းဟောပြောဆွေးနွေး ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)