Main menu

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ကြက်မောက်သီး

Powered by Drupal

  ကြက်မောက်သီးပင်သည် အပူပိုင်းဒေသတွင် ကောင်းစွာဖြစ်ထွန်းပြီး စိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်သည်။ ကြက်မောက်သီး၏ ပုံသဏ္ဍာန်မှာ အတန်ငယ်လုံးဝန်းပြီး အမွှေးရှည်လေး များဖုံးအုပ်ထားသော ကြက်မောက်သီးခွံသည် အနီရောင်ရှိကြောင်း၊ အသီးရင့်မှည့်ပါက နီညိုရောင် သို့ပြောင်းသွားကာ အတွင်းရှိအသားက အဖြူရောင်ဖြစ်ကာ ချိုမြမြအရသာရှိကြောင်း၊  ကန့်ဘလူ မြို့နယ်တွင် ရောင်းချနေသည့် ကြက်မောက်သီးများကို မော်လမြိုင်မှ၊ ဝယ်ယူရောင်းချကြောင်း သိရှိရသည်။

  ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် ကြက်မောက် သီးလတ်(၁)လုံးလျှင် (၂၅၀)ကျပ်၊ အကြီး(၁)လုံးလျှင် (၄၀၀)ကျပ်နှင့် (၁၁)လုံးလျှင် (၄၀၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ကြက်မောက်သီးစားသုံးဖြင့် ကျန်းမာရေးကိုအထောက်အကူပြုပေးနိုင် သည့်အတွက် ရာသီစာသီးနှံဖြစ်သောကြောင့် ယခုလိုမိုးဦးကျကာလတွင်သာ ရရှိနိုင်သည့် ဆေးဖက် ဝင်ကြက်မောက်သီးများကို စားသုံးသူများသည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း၊ သစ်သီး ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)