Main menu

ကန့်ဘလူမြို့နယ်၏ ကြက်သွန်ဖြူဈေးနှုန်း

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များနှင့် အခြားကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကိုလည်း မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

 ၂၀၂၅ ခုနှစ်၊ ဇွန်လတတိယပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကြက်သွန်ဖြူရှမ်းဥအလုံးကြီး (၁)ပိဿာလျှင် (၁၅၀၀၀မှ ၁၇၀၀၀ကျပ်)၊ ဗမာဖြူ(၁)ပိဿာလျှင်(၈၀၀၀မှ ၁၂၀၀၀ကျပ်)ဖြင့်ရောင်း ချကြောင်း၊ အစားအသောက်ချက်ပြုတ်ရာတွင် အနံ့အရသာအတွက် ကြက်သွန်ဖြူကိုအသုံးပြု သည့်အတွက် စားသောက်ဆိုင်များနှင့် အိမ်ရှင်မများအတွက် မရှိမဖြစ်လိုအပ်ကြောင်း၊ ကျန်းမာရေး ဓာတ်စာအဖြစ် စားသုံးကြသည့်အတွက် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များ ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)