
(၁၅.၆.၂၀၂၅) ရက်နေ့မှ (၁၆.၆.၂၀၂၅)ရက်နေ့များတွင် ဓနုဖြူမြို့နယ်အတွင်းရှိ Gasifier သုံးဆန်စက်များတွင် ရေစစ်ကန်များ စံနစ်တကျအသုံးပြုနေမှုအခြေအနေအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို မိမိတို့မြို့နယ်မှ တစ်ဖက်တစ်လမ်းကအထောက်အကူပြု၍ အဓိကကျသော လျှပ်စစ်ဓာတ်အားရရှိခြင်းဖြင့် ဒေသတွင်းကုန်ထုတ်မှုစွမ်းအားများမြင့်တက်၍ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ဆွေးနွေးခြင်း၊ စပါးခွံကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုအခြေအနေမှာ Gasifier အသုံးပြုလည် ပတ်လျက်ရှိသော ဆန်စက်များမှ Gasifier အသုံးပြုဆန်စက်များမှ ထွက်ရှိသော ရေဆိုးများကို ပြန်လည်သန့်စင်ရန် ရေဆိုးစစ်ကန်ကို အုတ်ကျိုး၊ ဖွဲပြာ၊ ဗေဒါ၊ မီးသွေး အဆင့်လေးဆင့်ဖြင့် စနစ်တကျစစ်ထုတ်ကာ Recycle ပြုလုပ်ပြီး ရေသန့်ပြန်လည်ရရှိရေး၊ ရေဆိုးစစ်ကန်များ စနစ်တကျပြုလုပ် ၍ လည်ပတ်နိုင်ရေး၊ လျှပ်စစ်အင်ဂျင် သက်တမ်းကြာရှည်စွာအသုံးပြုနိုင်ရေး၊ Gasifier ဓာတ်ငွေ့တွင် ကတ္တရာပါဝင်မှုလျော့ကျစေရေး နည်းပညာ အသစ်များအသုံးပြု၍ ဆောင်ရွက်သွားရန် ဆန်စက်ရှိဝန်ထမ်းများ၏ ကျန်းမာရေးထိခိုက်မှုမရှိစေရေး၊ အနံဆိုးများမထွက်စေရန်နှင့် ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန် Gasifier ဖွံဖြိုးတိုးတက်ရေး၊ နည်းပညာအဆင့်မြှင့်တင်ရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးတို့အတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်၊၊
DOCA(ဧရာဝတီ)