Main menu

အညာဒေသ၏မန်ကျည်းရွက်ချဉ်ဈေးကွက်

Powered by Drupal

          အညာဒေသတွင် မန်ကျည်းရွက်များ ရာသီပေါ်ချိန်၌ အချဉ်သိပ်၍ ချဉ်ဖတ်ပြုလုပ်ပြီး ရိုးရာဓလေ့အစားအစာအဖြစ် စားသုံးကြကြောင်း သိရှိရသည်။ ရာသီပေါ်မန်ကျည်းရွက်နုများသည် နှစ်စဉ် မတ်လမှ ဧပြီလအထိ ထွက်ပေါ်ကြောင်း၊ ရာသီကုန်ဆုံးချိန်၌ ချဉ်ဖတ်ပြုလုပ်ထားသော မန်ကျည်းရွက်ချဉ်များသည် ဈေးကွက်သို့ ဒေသတွင်းကျေးရွာများဖြစ်သော ထန်းပင်ကန်ရွာ၊ တလုပ် ရွာနှင့် တောပုကျေးရွာတို့မှ လာရောက်ရောင်းချကြောင်း၊ မိုးဦးရာသီအစဖြစ်သော ဇွန်လမှ စ၍ အောက်တိုဘာလအထိ ဈေးကွက်တွင်အဓိကထုတ်လုပ် ရောင်းချလေ့ရှိကြောင်း သိရှိရသည်။ မြင်းခြံမြို့၊အေးမြသီတာဈေးနှင့် စံပြဈေးများတွင် ၂၀၂၅ ခုနှစ်၊ဇွန်လဒုတိယပတ်တွင် မန်ကျည်း ရွက်ချဉ်တစ်ဗူးလျှင် (၄၀၀၀ -၄၅၀၀) ကျပ်ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ အညာဓ လေ့ အစားအစာဖြစ်၍ စားသုံးမှုများပြီး ရောင်းအားလည်းကောင်းကြောင်း၊ မန်ကျည်းရွက် နုများကို ဆားနှင့်ရော၍ အချဉ်ဖိသိပ်ပြီး ချဉ်ဖတ်ပြုလုပ်ထား၍ ဓာတုဗေဒဆေး မပါဝင်သောကြောင့် စားသုံးရာတွင် ဘေးထွက်ဆိုးကျိုးမရှိကြောင်း မန်ကျည်းချဉ် ပြုလုပ်ရောင်းချသူ တစ်ဦး၏ပြောပြ ချက်အရသိရှိရသည်။ စားသုံးမှုအနေဖြင့် မန်ကျည်းချဉ်ကို ကြက်သွန်နီဆီချက်၊ မြေပဲထောင်း တို့နှင့်သုပ်၍ ပဲဟင်းပူပူနွေးနွေးဖြင့် အညာဓလေ့ ဟင်းလျာအဖြစ် စားသုံးကြကြောင်းသိရှိရသည်။

DOCA(မန္တလေး)