Main menu

ပန်းတနော် မြို့နယ်အတွင်း အသင့်သောက်သုံးရန် ထုတ်လုပ်ထားသော ရေးသန့်ဗူးများအား စစ်ဆေးခြင်း

Powered by Drupal

      ပန်းတနော်မြို့နယ်၊ အရှေ့ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များသို့  (၁၃-၆-၂၀၂၅)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် သွားရောက်၍ သောက်ရေသန့်ဘူးများအား ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြိုနယ်တာဝန်ခံ ဦးအောင်ကျော်သက်နှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာဝန်ထမ်းများနှင့် ပူးပေါင်း၍ စစ်ဆေးခဲ့ကြပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ရေသန့်ဘူးများဖြန့်ဖြူးထုတ် လုပ်ရောင်းချရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ အရ ကုန်ပစ္စည်းအမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ သိရှိရန်နှင့် အကယ်၍ လိုက်နာဆောင် ရွက်ခြင်းမရှိပါက ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ရေသန့်ဘူးသန့်ရှင်းမှုရှိစေရေး အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)