Main menu

ငွေစာရင်းဌာနခွဲမှ သက်ပြည့်အငြိမ်းစားယူမည့် ဝန်ထမ်းထား နှုတ်ဆက်ဂါရဝပြုအခမ်းအနား ကျင်းပပြုလုပ်

Powered by Drupal

     မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ငွေစာရင်းတာဝန်ခံ ဦးမိုးနိုင် ရုံးအုပ်၏ သက်ပြည့်အငြိမ်းစာယူမည့် နှုတ်ဆက်အခမ်းအနားကို မအူပင်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခမ်းမတွင် ခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများမှ နှုတ်ဆက် နေ့လယ်စာနှင့် လက်ဆောင်ပနာ ပေးအပ်ပွဲ အခမ်းအနားကို ၁၃-၆-၂၀၂၅ ရက်နေ့ နံနက် (၁၀၀၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။

     မအူပင်ခရိုင်ဦးစီးမှူးမှ နှူတ်ဆက်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ငွေစာရင်းဌာနခွဲ တာဝန်ခံအဖြစ်လုပ်ကိုင်သူ ဦးမိုးနိုင်အား လုပ်ငန်းတာဝန်များကို ကျေပျွန်စွာ လုပ်ကိုင်ဆောင်ရွက်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိ ကြောင်း၊ ဝန်ထမ်းဆိုသည်မှာ အချိန်နှင့်အသက်ကို တားဆည်းမရနိုင်၍ လူတိုင်းတွေ့ကြုံရမည့် ဖြစ်စည်မျိုး ဖြစ်၍ ငွေစာရင်းလုပ်ငန်းများကို လက်ဆင့်ကမ်းဆောင်ရွက်မည့် ကျန်ရှိသော ဝန်ထမ်းများက တိကျမှန်ကန်စွာဖြင့် ကျိုးပမ်းဆောင်ရွက် သွားပေးရန် ပြောကြားခဲ့ပြီး ကျန်ရှိသော ခရိုင်ရုံးဝန်ထမ်းများမှ နှုတ်ဆက်လက်ဆောင်ပေးအပ်ခဲ့ပြီး နေ့လည်စာ ထမင်းဖြင့် ဧည့်ခံကျွေးမွေး ခဲ့ကြသည်။ ငွေစာရင်းတာဝန်ခံ ဦးမိုးနိုင်မှ ဝန်ထမ်းများအား ဝန်ထမ်းစွမ်းဆောင်ရည်များ ကိုမြှင့်တင်ကြိုးပမ်း ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများသည် ရိုးသား၊ ကြိုးစား၊ ယုံကြည်၊ လေးစား ၊ ထောက်ပံ့မှုများဖြင့် တစ်ဦး အရည်အသွေး ကောင်းမွန်မှ မြို့နယ်၊ ခရိုင်အဆင့်ဆင့်ကောင်းမွန်ပြီး ဝန်ထမ်းကျင့်ဝတ်စည်းကမ်းများအတိုင်း ဆက်လက်၍ လေ့လာကြိုးပမ်း ဆောင်ရွက်ရန် ပြောကြားခဲ့ပြီး အခမ်းအနားသို့ ခရီုင်ရုံးဝန်ထမ်း ၁၅ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)