Main menu

ပိုက်ဆံလျှော်ထွန်ယက်မြေသွင်းခြင်း ကျင်းပ

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်မြို့နယ်၏ အဓိကစီးပွားရေးလုပ်ငန်းများတွင် စိုက်ပျိုးရေးကဏ္ဍသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်သည်ဖြစ်ရာ လယ်ယာမြေများ အထွက်တိုးစေရေးနှင့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသတွင်းရှိ တောင်သူများ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးနိုင်ရန်အတွက် ပိုက်ဆံလျှော်မျိုးစေ့များ ထောက်ပံ့ပေးအပ်လျက်ရှိပြီး ၁၃-၆-၂၀၂၅ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

      တောင်သူများကို မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ( ပိုက်ဆံလျှော်) ထည့်သွင်းထွန်ယက်ပွဲကို မအူပင်မြို့နယ် တလုပ်လပ်ကျေးရွာအုပ်စုတွင် ခရိုင်စိုက်ပျိုးမြှင့်အဖွဲ့၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့တို့ဖြင့် ကွင်းဆင်း၍ တောင်သူများ စိုက်ပျိုးရန် နုန်းမြေအမျိုးအစားသည် အသင့်တော်ဆုံး ဖြစ်ပြီး pH ၅-၈.၅ အဆင့်ရှိသော မြေအမျိုးအစားမဆို စိုက်ပျိုးနိုင်ကြောင်း အသိပညာပေးခြင်း၊  တစ်ဧကလျှင် တန်းကြား(၁)ပေ၊ ပင်ကြား(၄)လက်မ၊ မျိုးစေ့ (၂.၅)ပြည်နှုန်း၊ ကြဲပက်စိုက်ပျိုးမည်ဆိုပါက (၄)ပြည်မှ (၆)ပြည်နှုန်း စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးရန် ရက်(၃၀)အတွင်း ရေတစ်ကြိမ်သွင်းရန် လိုအပ်ကြောင်းတို့ကို သုံးစွဲသည့်အတွက် ဓာတ်မြေဩဇာ လျှော့သုံးလိုက်ခြင်းအားဖြင့် မြေဆီလွှာနှင့် ရေထုထဲသို့ ဓာတုအဆိပ် စီးဆင်းမှု လျော့နည်းခြင်းစသော အကျိုးကျေးဇူးများ ရရှိနိုင်သည့်အတွက် ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာ စိုက်ပျိုးပါက စိုက်ပျိုးသည့် လယ်ယာမြေများ၏ သီးနှံများသည် မုချအထွက်တိုးနိုင်မည်ဖြစ်ကြောင်း အသိပညာပေးခဲ့ပြီး လက်တွေ့သရုပ်ပြလုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)