Main menu

နန္ဒဝန်ဈေးသစ်တွင် ဖြစ်ပေါ်နေသော ကြက်သွန်နီ/ဖြူ ဈေးနှုန်းများ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာ နန္ဒဝန်ဈေးသစ်၌    ဇွန်လ တတိယပတ်တွင် ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းများအနေဖြင့် ကြက်သွန်နီ အလုံးလှ     ( ၂၅ ) ကျပ်သားလျှင် ( ၆၀၀)ကျပ်၊ ( ၅၀) ကျပ်သားလျှင်( ၁၂၀၀)ကျပ်၊ ၁ပိဿာလျှင် ( ၂၄၀၀)ကျပ်ဖြင့် ဈေးနှုန်းရှိပြီး ကြက်သွန်ဖြူဈေးနှုန်းများမှာ ကြက်သွန်ဖြူ ရှမ်းဥ အလုံးကြီး (၁)ပိဿာလျှင် (၁၅၀၀၀မှ ၁၈၀၀၀ကျပ်)၊ ဗမာဖြူ ( ၁ )ပိဿာလျှင် (၈၀၀၀မှ ၁၂၀၀၀ကျပ်) ဈေးနှုန်းအသီးသီးဖြင့် ရောင်းချနေကြောင်း၊ ကြက်သွန်ဖြူဈေးနှုန်းအနေဖြင့် ဈေးငြိမ်နေကြောင်း၊  ကြက်သွန်နီ ဈေးနှုန်း အနေဖြင့် ယခင် ဇွန်လ ဒုတိယပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ် မြင့်တက်ခဲ့သော်လည်း အရောင်း အဝယ်သွက်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)