Main menu

မင်းလှမြို့နယ်စပါး/ ဆန်ဈေးကွက်အခြေအနေ

Powered by Drupal

           ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စပါးဈေးကွက်အခြေအနေဖြင့် ဇွန်လဒုတိယပတ်တွင် ဆင်းသုခ၊ မနောသုခ(၄၆)ပေါင်တင်း (၁၀၀)လျှင် ၁၄၇၂၀၀၀/ကျပ်ရှိခဲ့ပြီး စပါးဈေးမြင့်တတ်လာခြင်းမရှိပဲ ကျဆင်းလာကြောင်းသိရှိရပါသည်။မေလပထမပတ်နှင့်ဒုတိယပတ် တို့တွင် နွေစပါးရတနာတိုး၊ ဗီယက်နမ် ၊ရက်(၉၀)စပါးအစို(၅၀)ပေါင်တင်း (၁၀၀)လျှင် ၁၁၉၆၀၀၀/ကျပ်၊စပါးအခြောက် ဆင်းသု(၄၆)ပေါင်တင်း(၁၀၀)လျှင် (၁၃၈၀၀၀၀/ကျပ်သာရှိ၍ စပါးဈေးနှုန်းကျဆင်းလာပါကြောင်း ဝယ်ယူသောနွေစပါးများမှာ သာယာဝတီနှင့်စစ်ကွင်းမြို့နယ်မှ လာရောက်ရောင်းချပါကြောင်း စပါး ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

             ဆန်ဈေးကွက်အနေဖြင့် ဆင်းသုခ၊မနောသုခ၊ဆန်တစ်ပြည်လျှင်၃၀၀၀/ကျပ်၊ဆန်အဟောင်း တစ်ပြည်လျှင် ၃၈၀၀/ကျပ်၊ဆန်အသစ်တစ်အိတ်လျှင် ၆၀၀၀၀/မှ၆၅၀၀၀/ကျပ်၊ဆန်အဟောင်းတစ် အိတ်လျှင် ၇၀၀၀၀/ကျပ်မှ၈၅၀၀၀/ကျပ်၊ပေါ်ဆန်းမွှေးတစ်ပြည်လျှင် ၆၀၀၀/ကျပ်မှ၈၀၀၀/ကျပ်၊ ကောက်ညှင်းဆန်တစ်ပြည်လျှင် ၈၀၀၀/ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေပါ ကြောင်းဆန်ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)