Main menu

စားသုံးပိုလျှံအသားတိုးကြက်ခြံ

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊လက်ပံတန်းမြို့နယ် ကန်တစ်ရာတွင် ၂၀၂၀ ခုနှစ်မှ စတင်၍အသားတိုးကြက်မွေးမြူရေးကို စတင်လုပ်ကိုင်ခဲ့ပါသည်။ ကန်တစ်ရာစီမံကိန်းကို အစပြုပြီးအသားတိုးကြက်မွေးမြူရေးလုပ်ငန်းများကို ငါးကန်အပေါ်တွင်ခြံပြုလုပ်ပြီး မွေးမြူလျက်ရှိပါသည်။ ရေအောက်တွင် ငါးများမွေးမြူပြီးအပေါ်တွင် အသားတိုး ကြက်များမွေး မြူရာခြံ(၆)ခြံရှိပါသည်။

          ကြက်သားပေါက်များကို ရန်ကုန်မှ(၁)ကောင်လျှင် ၃၀၀၀ / ကျပ်ဖြင့်ဝယ်ယူရပါသည်။ ခြံတစ်ခြံလျှင်ကြက်အကောင် ၃၀၀၀ ထည့်၍မွေးမြူရသည်။အကောင်ငယ်ကလေးများကို မီးသွေးဖြင့် ၁၅ရက်အပူပေးရပါသည်။တစ်ရက်လျှင်မီးသွေးချိန် ၁၀အိတ်/၆အိတ် ကုန်ကျပါသည်။

          အစားကျွေးရာတွင်ကြက်ငယ်စာ ၁အိတ်လျှင် ၁၄၄၃၅၀ ကျပ်ဖြင့် ၃၀ အိတ်၊ကြက်လတ်စာ ၁အိတ်လျှင် ၁၃၇၉၀၀ ကျပ်ဖြင့် ၁၀၀ အိတ်၊ကြက်ကြီးစာ ၁အိတ်လျှင် ၁၃၂၆၅၀ ကျပ်ဖြင့် ၁၀၀ အိတ်အထိ (၄၅) ရက်ကြာကျွေးရပါသည်။၄၅ ရက်ကြာမွေးမြူပြီးပါက ၁ပိဿာ ၇၀ ကျပ်သားအ ရွယ်တွင်ရောင်းတန်းဝင် အသားတိုးကြက်များရရှိပြီး ရောင်းချနိုင်ကြောင်း သိရှိရပါသည်။

          နောက်ဆုံးအသားတိုးကြက်ခြံတစ်ခြံတွက် အစာစုစုပေါင်းကုန်ကျစရိတ်မှာ ၃၁၃ သိန်းကျော် ဖြစ်ပြီး အကောင်ပေါက်မှ ၁ပိဿာ ၇၀ ကျပ်သား အရွယ်ရှိလာသည့်အထိ မီးသွေးဘိုး ၁၅ ရက်စာ အတွက် ၁၃ သိန်းကျော် အလုပ်သမားခ ၃ဦးမှ၄ဦးအထိ ၁လလျှင် ၄သိန်းကျပ် ကြက်ပေါက် တစ်ကောင်လျှင် ၃၀၀၀ကျပ်နှင့်၉၀ သိန်းခန့်ရှိပါသည်။ကြက်အကောင် ၃၀၀၀ မွေးလျှင် ၃၀၀ခန့် အသေအပြောက်ရှိပါသည်။ ကြက်အကောင်ပေါက်မွေးသည်မှ ရောင်ချ သည့်အထိစုစုပေါင်း ၄၂၀ ကျော်ကုန်ကျပါသည်။ကြက်တစ်ပိဿာလျှင် ၉၆၀၀ ကျပ်ဖြစ်ပြီး ကြက် ၄၅၉၀ပိဿာ ရောင်းရငွေမှာ ၄၄၀သိန်းခန့်ရှိပါသည်။ကုန်ကျစရိတ်၊အစာ၊လုပ်အားခ အားလုံးနှုတ် ယူပြီး ရရှိသည့်အမြတ်ငွေမှာ ၁၉သိန်းခန့်ရှိကြောင်း သိရှိရပါသည်။

          မွေးမြူထားသည့်အသားတိုးကြက်များကိုလက်ပံတန်းမြို့ဒေသတွင်းနှင့်အနီးအနားမြို့များ သို့ရောင်းချလျက်ရှိကြောင်း တင်ပြအပ်ပါသည်။

DOCA(ပဲခူး)