Main menu

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိကွမ်းရွက်ဈေးနှုန်း

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ကွမ်းရွက်စိုက်ပျိုးသူများ များပြားကြောင်းသိရှိရပါသည်။ ကွမ်းရွက်သည် ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးဖြစ်သည့်အပြင် မြန်မာလူမျိုးများ အများဆုံးစားသုံးကြသည့် ကွမ်းယာတွင်မပါမဖြစ်သော အဓိက ပါဝင်ပစ္စည်း တစ်မျိုးဖြစ်သည်။ ယခုအခါ ကုန်ဈေးနှုန်းများမြင့်တက်လာသော်လည်း ကွမ်းရွက်ဈေးနှုန်းမှာ ကျဆင်းနေကြောင်း သိရှိရပါသည်။ ကွမ်းရွက်ဈေးနှုန်းကျဆင်းရခြင်းသည် လမ်းပန်းဆက်သွယ် ရေးအခြေအနေကြောင့် ဖြစ်ကြောင်းသိရှိရပါသည်။ ကွမ်းရွက်ကိုမိုးကာလတွင် အများဆုံး စိုက်ပျိုးကြပြီး မိုးနှင့်ဆောင်းကာလများတွင် ဈေးကောင်းရရှိကြောင်း သိရှိရပါသည်။ ယခု မိုးရာသီတွင် ကွမ်းရွက်စိုက်ပျိုးသူများ ပိုပိုများပြားကြောင်း သိရှိရပါသည်။

    ယခုဇွန်လပထမတွင် မြိတ်မြို့ပေါ်ရှိ ကွမ်းရွက်အကြီး အရွက်(၅၀)ပါတစ်စည်းလျှင် (၄၀၀) ကျပ်ရှိပြီး ကွမ်းရွက်အငယ် အရွက်(၅၀)ပါတစ်စည်းလျှင် (၁၀၀)ကျပ်ရှိကြောင်း ကွမ်းရွက်စိုက်ပျိုးသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)