Main menu

ပြည်မြို့၏ဒေသထွက်ရခိုင်ငှက်ပျောသီးဈေးနှုန်း၊ ဈေးကွက်

Powered by Drupal

            ပြည်ခရိုင်၊ ပြည်မြို့တွင်ငှက်ပျော အမျိုးအစားပေါင်း များစွာစိုက်ပျိုးလျက်ရှိရာ အဓိကစိုက်ပျိုးသော ငှက်ပျောအမျိုးအစားမှာ ရခိုင်ငှက်ပျောသီးနှင့် ဖီးကြမ်းငှက်ပျာသီးဖြစ်ပါသည်။ ထိုငှက်ပျောသီးများကို ပြည်မြို့အနီးရှိ ကျေးရွာများ၊ မှော်ဇာကျေးရွာ၊ တောင်လုံးညိုကျေးရွာ၊ သဇင်လှရွာနှင့် ပေါင်းတလည်၊ ခွေးရဲဘက်မှ ပြည်ဈေးကွက်သို့လာရောက်ရောင်းချကြပါသည်။ ငှက်ပျောတစ်ပင်လုံးတွင် အသီး၊ အခွံ၊ အရွက်နှင့် ပင်စည်တို့မှအစ အသုံးဝင်ပြီး ဆေးဘက် လည်းဝင်ပါသည်။ ငှက်ပျောဖူးကို ပြုတ်၍တို့စရာအဖြစ်စားသုံးလို့ရသလို ငှက်ပျောဖူး ကိုချဉ်ဖတ်စိမ် စားခြင်း၊ ကြော်စားခြင်း၊ သုတ်စားခြင်းများလည်းပြုလုပ်ရပါသည်။ ငှက်ပျောအူကို မုန့်ဟင်းခါး ချက်ပြုတ်ရာတွင် ထည့်သွင်း၍ အသုံးပြုကြပါသည်။ ငှက်ပျောသီးအမှည့်များကိုလည်း သကြားဖြူး ဆီသုတ်၍နေလှန်းထားလျှင် တာရှည်ခံသောငှက်ပျောခြောက်ကိုရရှိမှာဖြစ်ပါသည်။ ရခိုင်ငှက်ပျော သီးအစိမ်းကို အသီးအရွက်ကျော်ထဲကိုထည့်၍ကျော်စားလျှင်လည်း အရန်ဟင်းတစ်ခွက်ကို အသုံးပြု ၍ရရှိပါသည်။ ငှက်ပျောရွက်များကို အမျှင်ထုတ်၍ ဖျာနှင့်ဖျာကြမ်းများရက်လုပ်ကြပါသည်။ ငှက်ပျောပင်ကိုလည်း လျော်ကြိုးကျစ်၍အသုံးပြုကြပါသည်။

          ငှက်ပျောသီးဈေးနှုန်းအနေဖြင့် ရခိုင်ငှက်ပျောသီးအစိမ်းတစ်ဖီးလျှင်(၁၅၀၀)ကျပ်၊ (အမှည့်) (ရှယ်)တစ်ဖီးလျှင် (၁၀၀၀)ကျပ်၊ အနေတော်တစ်ဖီးလျှင် (၄၀၀)ကျပ်ဖြင့် ဈေးကွက်တွင် ရောင်းချလျှက်ရှိရာ ယခင်နှစ်တွင်  ရခိုင်ငှက်ပျောသီး (အစိမ်း)တစ်ဖီးလျှင် (၁၀၀၀)ကျပ်၊ အမှည့် တစ်ဖီးလျှင်  ၅၀၀-၆၀၀ကျပ်၊ ဖြင့် ရောင်းချခဲ့ပါသည်။ ငှက်ပျောသီး ဖီးကြမ်း(အမှည့်)တစ်ဖီးလျှင် ၁၅၀၀-၂၀၀၀ ကျပ် ဖြင့်ရောင်းချလျှက်ရှိပြီး ယခင်နှစ်တွင် ဖီးကြမ်းငှက်ပျောသီးတစ်ဖီးလျှင် ၁၀၀၀-၁၅၀၀ကျပ်ဖြင့်ရောင်းချခဲ့သဖြင့် ငှက်ပျောသီး (၂)မျိုးစလုံးဈေးများမြင့်တက်လာခဲ့ပါသည်။ နတ်တင် ရာသီဖြစ်သော ဝါဝင်ကာခါနီးအချိန်နှင့် သီတင်းကျွတ်အချိန်များတွင် ဈေးနှုန်းများ ဒီထက်မ ကမြင့်တက်လာပါသည်။ ပြည်ဒေသမှထွက်ရှိလာသော ငှက်ပျောသီးများကို ပြည်ဈေးကွက်တွင် ရောင်းချသည့်အပြင် ရန်ကုန်မြို့နှင့် နေပြည်တော်မြို့များသို့ တင်ပို့ရောင်းချသည်ဟုသိရှိရပါသည်။

          ငှက်ပျောသီးစိုက်ပျိုးသူတောင်သူများအဖို့ ငှက်ပျောပင်ကို မိမိခြံတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် မိမိတို့အတွက် စားသုံးရန်ရရှိသလို ပိုလျှံပါက ဈေးသို့ရောင်းချလျှင်လည်း ဝင်ငွေများရရှိမှာဖြစ်သည့်အပြင် စီးပွားဖြစ်စိုက်ပျိုးလျှင်လည်း အမြတ်အစွန်းများ ပိုမိုရရှိမည်ဖြစ်ပါသည်။

DOCA(ပဲခူး)