Main menu

ကန့်ဘလူမြို့နယ်၌ ဈေးနှုန်းကျဆင်းနေသော ပဲဇီးကွက်

Powered by Drupal

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျှက်ရှိရာ ပဲဇီးကွက်သီးနှံကို ကန့်ဘလူမြို့နယ် ဆန္ဒယားကျေးရွာ၊ ကံကြီးကုန်းကျေးရွာနှင့် အခြား သောကျေးရွာများတွင်လည်း စိုက်ပျိုးကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ပဲဇီးကွက်တစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်၊ အကွဲအနာပါလျှင်(၉၉၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ် ဈေးနှုန်း များနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲဇီးကွက်ဈေးနှုန်း အနည်းငယ်ကျဆင်းလာကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှ ထွက်ရှိသော ပဲဇီးကွက်သီးနှံများကို မန္တလေးမြို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)