Main menu

တောင်ငူမြို့တွင် အိမ်မွေးကြက်သား စျေးအနည်းငယ်တက်

Powered by Drupal

           တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ကြက်သား (အိမ်မွေးကြက်)မှာ ယခင်လက တစ်ပိဿာလျှင် ၃၂၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၃၅၀၀၀ ကျပ်ဖြင့် စျေးနှုန်း ၃၀၀၀ ကျပ် တက်ပြီး စီပီကြက်သားမှာ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ဖြင့် စျေးနှုန်းတည်ငြိမ်နေပါသည်။

            ဘော့ပုဇွန်မှာ ယခင်လက တစ်ပိဿာလျှင် ၃၅၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၃၈၀၀၀ ကျပ်ဖြင့် စျေးနှုန်း ၃၀၀၀ တက်ပြီး ချောင်းပုဇွန်မှာ တစ်ပိဿာလျှင် ၄၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

          ငါးဖယ်ခြစ်မှာ တစ်ပိဿာလျှင် ၃၂၀၀၀ ကျပ်ဖြင့် စျေးနှုန်း တည်ငြိမ်နေပြီး၊ ငါးကြင်းဖြူ တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်ဖြစ်ပြီး၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း ညောင်ပင်စျေးရှိ အသား၊ ငါးအ‌ရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)