Main menu

လှိုင်မြို့နယ်၊ ရွှေပိတောက်ငါးဈေးအတွင်းရှိ ငါးဈေးနှုန်းများ

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အတွင်းရှိ ရွှေပိတောက်ငါးဈေးတွင် (၁၆.၆.၂၀၂၅) တွင် ဝင်ရောက်ခဲ့သော ရေချိုငါးများမှာ ငါးမြစ်ချင်း တစ်ပိဿာ အနိမ့်ဆုံး ၇၀၀၀ မှ အမြင့်ဆုံး ၁၃၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၈၅၀၀ မှ ၁၇၀၀၀ ကျပ်၊ ငါးသလောက် တစ်ပိဿာ ၁၇၀၀၀ မှ ၈၅၀၀၀ ကျပ်၊ ငါးခေါင်းပွ တစ်ပိဿာ ၆၀၀၀ မှ ၁၂၀၀၀ ကျပ်၊ ငါးဘတ် တစ်ပိဿာ ၁၄၀၀၀ မှ ၂၇၀၀၀ ကျပ်၊ ကကတစ် တစ်ပိဿာ ၁၆၀၀၀ မှ ၃၀၀၀၀ ကျပ်၊ ငါးနုသန်း တစ်ပိဿာ ၁၂၀၀၀ မှ ၁၈၀၀၀ ကျပ်၊ ငါးခူ တစ်ပိဿာ ၆၅၀၀ မှ ၁၇၀၀၀ ကျပ်၊ ငါးကျည်း တစ်ပိဿာ ၁၃၀၀၀ မှ ၁၆၀၀၀ ကျပ်၊ ငါးဖီးမ တစ်ပိဿာ ၃၅၀၀ မှ ၈၀၀၀ ကျပ်၊ ငါးမုတ် တစ်ပိဿာ ၆၀၀၀ မှ ၇၅၀၀ ကျပ်၊ ငါးတန်(မြစ်) တစ်ပိဿာ ၁၃၀၀၀ မှ ၁၇၀၀၀ ကျပ်၊ ငါးတန်(မွေး) တစ်ပိဿာ ၅၈၀၀ မှ ၈၀၀၀ ကျပ်၊ ငါးခုံးမ တစ်ပိဿာ ၃၅၀၀ မှ ၆၀၀၀ ကျပ်၊ ငါးရံ့ တစ်ပိဿာ ၁၃၀၀၀ မှ ၂၇၀၀၀ ကျပ်၊ ငါးပုတ်သင် တစ်ပိဿာ ၈၀၀၀ မှ ၁၇၀၀၀ ကျပ်၊ ငါးပုဏ္ဏား တစ်ပိဿာ ၁၃၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ပုဇွန်(ကျော့) တစ်ပိဿာ ၁၇၀၀၀ မှ ၅၅၀၀၀ ကျပ်၊ ပုဇွန် တစ်ပိဿာ ၁၈၀၀၀ မှ ၆၀၀၀၀ ကျပ်၊ ငါးမျက်ကြယ် တစ်ပိဿာ ၇၀၀၀ မှ ၉၅၀၀ ကျပ်၊ ပီဇာ တစ်ပိဿာ ၆၀၀၀ မှ ၈၀၀၀ ကျပ်၊ ငါးနှပ်(အာပြဲခြောက်) တစ်ပိဿာ ၄၀၀၀ မှ ၆၀၀၀ ကျပ်၊ ကင်းမွန် တစ်ပိဿာ ၁၈၀၀၀ မှ ၃၅၀၀၀ ကျပ်၊ ပလာတူး တစ်ပိဿာ ၆၀၀၀ မှ ၈၀၀၀ ကျပ်၊ ရွှေငါး တစ်ပိသာ ၇၀၀၀ မှ ၉၀၀၀ ကျပ်၊ ပြည်ကြီးငါး တစ်ပိဿာ ၂၃၀၀၀ မှ ၄၀၀၀၀ ကျပ်တို့ရှိကြောင်း ရွှေပိတောက် ငါးဈေးထံမှ စုံစမ်းသိရှိရပါသည်။

DOCA (ရန်ကုန်)