Main menu

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော ရာသီစာငှက်စွပ်မှို

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့မဈေးတွင် ဆန်၊ ဆီ၊ ဆေး၊ ဆား၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များနှင့် ရာသီပေါ်အသီးအနှံများ ရောင်းချလျက်ရှိရာ ဈေးရောင်းသူ များ ဈေးဝယ်သူများနှင့် နေ့စဉ်စည်ကားလျက်ရှိကြောင်း သိရသည်။

   ကန့်ဘလူမြို့မဈေးတွင်  စိုက်ပျိုးထုတ်လုပ်ရောင်းချသော စိုက်ပျိုးရေးမှို၊ ကောက်ရိုးမှို စသောမှိုများနည်းတူ သဘာဝငှက်စွပ်မှိုများ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ငှက်စွပ်မှို တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်မှ (၄၀၀၀၀)ကျပ်အထိ ဈေးကောင်းရရှိနေကြောင်း၊ ငှက်စွပ်မှိုသည် မိုးဦးကာလတွင် သဘာဝအရ ထွက်ရှိလာသောမှိုဖြစ်၍ ကျေးလက်နေပြည်သူများ အရင်းမစိုက်ရပဲ မိသားစုဝင်ငွေရရှိနေကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)