
၁၆.၆.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ ကြူကုတ် (ရှယ်) တစ်ပိဿာ ဈေးနှုန်းများမှာ အမြင့်ဆုံးဈေး ကျပ် ၉၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၈၀၀၀၊ အောင်ပန်းထူး-၂ ကျပ် ၅၅၀၀၊ အောင်ပန်းထူး-၃ ကျပ် ၆၅၀၀၊ အောင်ပန်းထူး-၄ ကျပ် ၇၀၀၀၊ အောင်ပန်းထူး-၅ ကျပ် ၇၅၀၀၊ ကြက်သွန်နီ ဈေးနှုန်းများမှာ ဆိပ်ဖြူ(သစ်) ရှယ် ကျပ် ၁၅၀၀ ၊ ဆိပ်ဖြူ(သစ်)လတ်ကြီး ကျပ် ၁၄၀၀ ၊ ဆိပ်ဖြူ(သစ်)လတ်သန့် ကျပ် ၁၃၀၀၊ ဆိပ်ဖြူ(သစ်) လတ်ချော ကျပ် ၈၅၀၊ မြင်းခြံ (သစ်) (ရှယ်)ကျပ် ၁၀၀၀/၁၄၅၀၊ မြင်းခြံ (သစ်) လတ်ကြီး ကျပ် ၉၀၀/၁၄၀၀၊ မြင်းခြံ (သစ်) လတ်သန့် ကျပ် ၈၀၀/၁၃၀၀၊ မြင်းခြံ (သစ်) လတ်ချော ကျပ် ၆၀၀/၁၁၀၀ ၊ မြင်းခြံ(ကံဆင့်) သစ် ရှယ် ကျပ် ၁၃၀၀၊ မြင်းခြံ(ကံဆင့်) လတ်ကြီး ကျပ် ၁၂၀၀၊ မြင်းခြံ(ကံဆင့်) လတ်သန့် ကျပ် ၁၁၀၀၊ မြင်းခြံ (ကံဆင့်) လတ်ချော ကျပ် ၈၅၀၊ မြစ်သား (သစ်) လတ်ကြီး ကျပ် ၁၆၅၀ ၊ မြစ်သား (သစ်) လတ်သန့် ကျပ် ၁၅၀၀၊ မြစ်သား (သစ်) လတ်ချော ကျပ် ၁၀၀၀၊ မုံရွာ(သစ်) ရှယ် ကျပ် ၁၄၀၀၊ ၊ မုံရွာ(သစ်) လတ်ကြီး ကျပ် ၁၂၅၀၊ မုံရွာ လတ်သန့် ကျပ် ၁၂၀၀၊ မုံရွာ လတ်ချော ကျပ် ၈၀၀၊ အသီးသီး ရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။ အာလူးတစ်ပိဿာဈေးနှုန်းများမှာ ဟဲဟိုး အေဝမ်း ကျပ် ၂၆၀၀၊ ဟဲဟိုး အိုကေ ကျပ် ၃၀၀၀၊ ဟဲဟိုး အက်စ်ဝမ်း ကျပ် ၃၀၀၀၊ ဟဲဟိုး အက်စ်တူး ကျပ် ၂၆၀၀/၂၈၀၀၊ တရုတ်အာလူး ကျပ် ၃၃၀၀/၃၅၀၀ ရှိကြောင်း သိရှိရပါသည်။ ကြက်သွန်ဖြူ၊ ဈေးနှုန်းပြောင်းလဲခြင်းမရှိပါ။ ကြက်သွန်နီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁၅၀ ကျဆင်းလျက်ရှိပြီး အာလူးဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် ၁၀၀ ကျဆင်းလျက်ရှိပါသည်။
DOCA (ရန်ကုန်)