
ဇွန်လ ၁၀ ရက်အတွင်း ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ဂဏန်းတစ်လုံးခန့်မြင့် တက်လာကြောင်း ဇွန်လ ၁၁ ရက်နေ့အကောက်ခွန်ရုံး အချက်အလက်များ၏ ဖော်ပြချက်အရသိ ရသည်။ ဇွန်လ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၅.၄၇ ဘီလီယံ အထိရှိပြီး ၂၀၂၄ ခုနှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅.၄ ရာခိုင်နှုန်း တိုးလာကြောင်း သိရ သည်။ ၁၀ ရက်တာကာ လအတွင်း နေ့စဉ်ပျမ်းမျှပို့ကုန်သည် ၁၅ ရာခိုင်နှုန်းမှ ၂.၈၂ ဘီလီယံ ဒေါ်လာသို့မြင့်တက်လာခဲ့သည်။ တစ်ပိုင်းလျှပ်ကူးပစ္စည်းတင်ပို့မှုသည် ၂၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ ပြီး ဒေါ်လာ ၃.၆၃ ဘီလီယံနှင့် မော်တော်ကားတင်ပို့မှုသည် ၈.၄ ရာခိုင်နှုန်းမှ ဒေါ်လာ ၁.၃ ဘီလီယံအထိမြင့်တက်လာခဲ့သည်။ ဆီထွက်ကုန်များ၊ မိုဘိုင်လ်းစက်ပစ္စည်းများနှင့် အိမ်သုံး ပစ္စည်းများတင်ပို့မှုတွင် ဂဏန်းနှစ်လုံးဖြင့် ကျဆင်းခဲ့သော်လည်း ကွန်ပျူတာများနှင့် မော်တော် ယာဉ်အစိတ်အပိုင်းများအတွက် ဂဏန်းနှစ်ဆဖြင့် တိုးမြင့်လာခဲ့သည်။ သွင်းကုန်များ တင်သွင်းမှု သည် အစောပိုင်းနှစ်များကထက် ၁၁.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဇွန်လပထမ ၁၀ ရက်အတွင်း ကန်ဒေါ်လာ ၁၇.၁၈ ဘီလီယံအထိ မြင့်တက်ခဲ့ပြီး ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ ၁.၇၁ ဘီလီယံ အထိရှိခဲ့သည်။ ဆီမီးကွန်ဒတ်တာများ၊ စက်ယန္တရား များ၊ သဘာဝဓာတ်ငွေ့၊ ကားများနှင့် မိုဘိုင်း ဖုန်းများအတွက်တင်သွင်းမှုသည် နှစ်ဆတိုးလာသော် လည်း ရေနံစိမ်းနှင့် ရေနံထွက်ကုန်များ အတွက် ဂဏန်းတစ်လုံးစာခန့်ကျဆင်းခဲ့သည်။
Source: Xinhua
DOCA(ရန်ကုန်)