
အင်ဒိုနီးရှားအစိုးရသည် ပါလက်စတိုင်းသို့ ဆန်တန်ချိန် ၁၀၀၀၀ ပေးပို့မည်ဖြစ်ကြောင်း အင်ဒိုနီးရှားဝန်ကြီးတစ်ဦးမှ ဇွန်လ ၁၂ ရက်နေ့က ပြောကြားခဲ့သည်။ အင်ဒိုနီးရှား အစားအစာ ရေးရာ ညှိနှိုင်းရေးဝန်ကြီး Zulkifli Hasan က အဆိုပါအကူအညီအား အင်ဒိုနီးရှားစစ်သားများက ပေးဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုလတွင်ပင်၎င်းတို့၏ စစ်သားများအား ပါလက်စတိုင်းသို့ စေလွှတ်တော့မည်ဖြစ်ကြောင်း ၎င်း၏ ရုံးတွင် အစည်းအဝေးညှိနှိုင်းမှု အပြီးတွင် Hasan က ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် အမျိုးသားစားနပ်ရိက္ခာအေဂျင် စီအကြီးအကဲ Arief Prasetyo က အဆိုပါ အကူအညီကို ပြင်ဆင်ရန် သုံးပတ်ခန့် အချိန်ယူရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။ အဆိုပါ ဆန်တန်ချိန် ၁၀၀၀၀ အား အင်ဒိုနီးရှားအစိုးရ၏ အရန်ဆန်များမှ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိအင်ဒိုနီးရှားနိုင်ငံတွင် အရန် ဆန်တန်ချိန် ၄ သန်းကျော်ရှိကြောင်း စိုက်ပျိုး ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရှိရပါသည်။
Source: Xinhua
DOCA(ရန်ကုန်)