Main menu

၂၀၂၅ ခုနှစ်၏ ပထမ ၅ လတွင် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၄.၆၇ ဘီလီယံ ရရှိခဲ့ သည့် ဗီယက်နမ်

Powered by Drupal

     ၂၀၂၅ ခုနှစ်၏ ပထမ ၅ လတွင် ဗီယက်နမ်၏ စုစုပေါင်း ပြည်ပကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၅၅.၇၉ ဘီလီယံရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၅.၇ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကောက်ခွန်ဦးစီးဌာန၏ အဆိုအရ သိရပါသည်။ ထို ၅ လတာကာလအတွင်း နိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၈၀.၂၃ ဘီလီယံ တန်ဖိုးတင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၎င်းတန်ဖိုးထဲတွင် ၄၉.၆၂ ဘီလီယံမှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ဖြစ်ပြီး ၁၃၀.၆၁ ဘီလီယံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းများမှဖြစ်ကာ ၁၂.၅ ရာခိုင်နှုန်းနှင့် ၁၄.၅ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တင်ပို့သည့်ပစ္စည်း ၂၅ မျိုးသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်အသီးသီးရှိခဲ့ပြီး ၇ မျိုးမှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ကျော် အသီးသီးရှိခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၇၅.၅၆ ဘီလီယံ တန်ဖိုးတင်သွင်းခဲ့ပြီး လွန်ခဲ့သည့်နှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၇.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တင်သွင်းသည့်ကုန်ပစ္စည်းအမျိုးအစား ၂၉ ခုမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်အသီးသီးရှိခဲ့ပြီး ၄ ခုမှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် အသီးသီးရှိခဲ့ကြောင်း သိရပါသည်။ အမေရိကန်သည် ထို ၅ လတာကာလအတွင်း အမေ ရိကန်ဒေါ်လာ ၅၇.၂ ဘီလီယံဖြင့် ဗီယက်နမ်၏အကြီးမားဆုံးတင်ပို့ရာဈေးကွက်ဖြစ်ပြီး တရုတ် နိုင်ငံက အမေရိကန်ဒေါ်လာ ၆၉.၄ ဘီလီယံဖြင့် အကြီးမားဆုံးတင်သွင်းသည့်ဈေးကွက်ဖြစ်ကြောင်း သိရပါသည်။ ဗီယက်နမ်သည် အမေရိကန်ထံမှ အမေရိကန်ဒေါ်လာ၄၉.၉ ဘီလီယံ၊ ဥရောပသမဂ္ဂထံမှ အမေရိကန်ဒေါ်လာ ၁၆.၃ ဘီလီယံနှင့် ဂျပန်ထံမှ အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကုန်သွယ်ရေးပိုငွေရရှိခဲ့ကြောင်း အချက်အလက်များအရ သိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)