
ငလျင်လှုပ်ခတ်မှုကြောင့် တိုင်းဒေသကြီး၊ ပြည်သူအချို့တွင် အဆောက်အဦးများ ပျက်စီးမှုများ ဖြစ်ပွားခဲ့သဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများဖြစ်သော ဘိလပ်မြေ၊ သွပ်၊ သံ၊ အုတ်၊ သဲ၊ ကျောက်များအား ပြည်သူများ ဈေးနှုန်းမှန်ကန်စွာဖြင့် လွယ်ကူစွာဝယ်ယူနိုင်စေရန်နှင့် အိမ် ဆောက်ပစ္စည်းများအား သိုလှောင်၍ ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရန်အတွက် စားသုံးသူ ရေးရာဦးစီးဌာနသည် သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ အိမ် ဆောက်ပစ္စည်း ရောင်းချသောဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်သည် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ဇွန်လ(၁၄)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သရဖူ၊ မြိုင်၊ ကျော်ဇင်ဟိန်း၊ ဦးအောင်ဘာလေနှင့် အောင်သုခ အိမ်ဆောက်ပစ္စည်းဆိုင်များတွင် ရောင်းချလျှက်ရှိသော ဘိလပ်မြေ၊ သွပ်၊ သံချောင်း၊ အုတ်၊ သဲ၊ ကျောက်စရစ် ကုန်စည်များ၏ ယခင်ဈေး၊ ယခုဈေးနှုန်းများ ကောက်ခံခြင်း၊ ဝယ်ယူဈေးနှုန်း ပြန်လည်ရောင်းချဈေးနှုန်းများ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး အိမ်ဆောက်ပစ္စည်း များ၏ ဈေးနှုန်းအခြေအနေများအား မေးမြန်းရာတွင် ဘိလပ်မြေ၊ သွပ်၊ သံချောင်း ဈေးနှုန်းများ သည် ယခင်လဈေးနှုန်းထက် ဈေးနှုန်းလျော့ကျလာခဲ့ပြီး အုတ်၊ သဲ၊ ကျောက်ပစ္စည်းများမှာ ပုံမှန်အတိုင်း ဈေးတည်ငြိမ်လျက်ရှိကြောင်း ဆိုင်ရှင်များထံမှ သိရှိရပြီး၊ အိမ်ဆောက်ပစ္စည်းများအား ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားရှိပြီး ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိ ပါကဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)