Main menu

“ ဒလမြို့နယ်၌စားအုန်းဆီအမျိုးမျိုးတို့တွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ဒလမြို့နယ် အတွင်းရှိ စားသုံးသူပြည်သူများ အနေဖြင့် စားသုံးဆီအမျိုးမျိုးအား ဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဇွန်လ (၁၆)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ဒလမြို့နယ် ကမာကဆစ်စည်ပင်သာယာဈေးတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်တို့ ပူးပေါင်းအဖွဲ့မှ ကမာကဆစ် စည်ပင်သာယာဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ ကုန်စုံဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံကာ စားသုံးဆီအမျိုးမျိုးအား ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြရမည့်အချက်များ မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေ ရေးသားဖော်ပြရမည့် အချက် များ၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသည့် စားသုံးဆီများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ ခွင့်ပြုချက်မပါရှိသော ခွင့်ပြုရက်စွဲ သက်တမ်းလွန်နေသော စားသုံးဆီအမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းမပြုစေရန် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာများကို အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံ စွာဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)