Main menu

ကျွန်းလှမြို့ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ပန်းဈေးနှုန်း

Powered by Drupal

   ကျွန်းလှမြို့နယ်တွင် ပန်းမျိုးစုံ ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ကြရာတွင် နှင်းဆီပန်းအရောင် မျိုးစုံ၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ အောင်သပြေပန်း၊ အာစီယံသပြေပန်း၊ သစ္စာပန်း၊ စံပါယ်ပန်း၊ ဇွန်ပန်း ဂမုန်းပန်း စသည်တို့ကိုလည်း ရောင်းချကြပါသည်။

   နှင်းပန်းများကို ရွှေဘိုမြို့ နှင့် မန္တလေးမြို့မှ ဖောက်သည် ဝယ်ယူရပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော နှင်းပန်းဈေးနှုန်းအနေဖြင့် နှင်းပန်း(၅)ခက်ပါ တစ်စီးလျှင် (၁၀၀၀)ကျပ် နှင့် နှင်းပန်း(၁၀)စီး တစ်ထုံးလျှင်(၉၀၀၀)ကျပ်ဖြင့် ပြန်လည် ရောင်းချလျက်ရှိ ကြောင်း၊ ပန်တိမ်ငို(ခေါ်)ပန်တိမ်မနိုင်ပန်းများ၏ ဈေးနှုန်းအနေဖြင့် ပန်တိမ်ငို(ခေါ်)ပန်တိမ်မနိုင်ပန်း (အဖြူရောင်ရောင်)အခက်အကြီး တစ်ခက်လျှင်(၅၀၀)ကျပ်၊ (၃)ခက်တစ်စည်းလျှင်(၁၅၀၀)ကျပ်၊ ပန်တိမ် ငို(ခေါ်)ပန်တိမ်မနိုင်ပန်း(အဖြူရောင်ရောင်)အခက်သေး တစ်ခက်လျှင်(၃၀၀)ကျပ်၊ (၅)ခက်ပါ တစ်စည်း လျှင်(၁၅၀၀)ကျပ်နှုန်းဖြင့်  သစ်ရာမြိုင်ဈေး ပန်းမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)