
စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၃)ဉီး၊ မြန်မာနိုင်ငံစားအုန်းဆီကိုယ်စားလှယ်များအသင်းမှ ဉီးထွန်းဇော်သောင်းအဖွဲ့ဝင်တို့ ပူးပေါင်းပါဝင်လျက် (၁၂.၆.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ စစ်ဆေးခဲ့ရာတွင် အမှတ်(၇၈)၊ (၅)ရပ်ကွက်ရှိ ခင်မေတ္တာဆိုင်တွင် မိမိရရှိသောခွဲတမ်းများအား ရပ်ကွက်အလိုက် နေ့စဉ်နံနက်(၁၀:၀၀)နာရီမှ ညနေ(၆:၀၀)ထိ စာအုပ်စနစ်ဖြင့် အလှည့်ကျ ပုံမှန်အတိုင်းရောင်းချပေးပါကြောင်း၊ ဈေးနှုန်းမှာလည်း လက်ကားကိုယ်စားလှယ်များက သတ်မှတ် ပေးသော ဈေးနှုန်းဖြင့် ရောင်းချပေးပါကြောင်း၊ အလေးချိန်ကိုလည်း မှန်ကန်စွာချိန်တွယ်ပေးပါ ကြောင်း၊ ရောင်းချရာတွင် လက်ခံစာအုပ်များတွင် နေ့စဉ်အရောင်းစာရင်းသွင်းထားပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း တစ်နေ့စာ တစ်နေ့ကုန်အောင်ရောင်းချပေးရန်နှင့် သိုလှောင်ထားခြင်းရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)