
စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၊ မုံရွာမြို့၏(၅.၆.၂၀၂၅)ရက်စွဲပါစာအမှတ်၊ ၄/၈-၂ (၁၄)/ (၁၀၀) ကုန်ဈေးနှုန်းဖြင့် သင့်တင့်မျှတသော ဆန်ဈေးကွက်ဈေးနှုန်းများအား လစဉ်ထုတ်ပြန် ကြေညာခဲ့ပြီး ဇွန်လအတွက်သင့်တင့်မျှတသော ဈေးနှုန်းများထပ်မံထုတ်ပြန်ခဲ့ရာ ဆန်ဈေးကွက် အတွင်း သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများဖြင့် ရောင်းချမှုရှိမရှိ ကလေးခရိုင် စားသုံးသူ ရေးရာဉီးစီးဌာန၊ ကလေးမြို့နယ်တွင်းသို့ ကွင်းဆင်းစစ်ဆေးမှုဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ( ၁၆.၆.၂၀၂၅ ) ရက်နေ့၊ နံနက် ( ၁၀:၀၀ ) နာရီ အချိန်တွင် ပင်လုံရပ်ကွက် “သားဘုန်းမေမေ” ဆန်ရောင်းဝယ်ရေးဆိုင်သို့ ကလေးမြို့နယ်တာဝန်ခံ ဒေါ်စန္ဒာမွန်နှင့်အတူ ဝန်ထမ်းများသွားရောက်ခဲ့ပါသည်။ ဆိုင်ပိုင်ရှင် ဒေါ်ဇင်နွယ်မိုးနှင့် တွေ့ဆုံဆွေး နွေးရာတွင် ဆန်များကိုသတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချရန်နှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုလုပ်ရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချပါက တည်ဆဲဥပဒေနှင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆိုင်ရှင်များမှလည်း လိုက်နာဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
လက်ရှိဆန်ရောင်းဝယ်နေမှုအနေဖြင့် ဆိုင်ဖွင့်စဖြစ်သည့်အတွက် မြို့ပေါ်စက်ရုံတွင်သာ အိတ်(၅၀)ခန့်ဝယ်ယူ၍ ဧရာမင်းကော်ချက်(၂၄)ပြည်တစ်အိတ်လျင် (၈၅၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချ လျှက်ရှိပါကြောင်း ကလေးမြို့နယ်အနေဖြင့် စပါးဆန်များပိုလျှံသည့် ဒေသဖြစ်သော်လည်း အခြားမြို့နယ်များသို့ စပါးဆန်အထွက်နည်းသည့်အတွက် ဈေးနှုန်းတည်ငြိမ်လျှက်ရှိပါကြောင်း ဈေးကွက်အတွင်းမှ လေ့လာသိရှိရပါသည်။
DOCA(စစ်ကိုင်း)