
(၁၂.၆.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၃၀)အချိန်တွင် မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း ဉီးစီးပါ (၃)ဉီးတို့သည် အင်းစိန်မြို့နယ်၊ အမှတ်(၆၇)၊ လှိုင်မြစ်လမ်းရှိ ဒေါ်သန္တာအေး စားအုန်းဆီ အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် စားအုန်းဆီအရောင်းကိုယ်စားလှယ် ဒေါ်သန္တာမှ မိမိရရှိသော ခွဲတမ်းသည် Than Thar Co.,Ltd မှ ရရှိပြီး သက်ဆိုင်ရာမှထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချပေးပြီး ရရှိသောစားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းချက် များနှင့်အညီ စနစ်တကျစာအုပ်ဖြင့် အလေးချိန်မှန်ကန်စွာ စားသုံးသူပြည်သူများထံသို့ စနစ်တကျ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)